ဘာစီလိုနာထက် လက်ဦးမှုရဖို့ ကြိုးစားနေတာပါ။
Pyae Phyo Thein

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့တဲ့ ကစားသမား (၃)ဦးထဲက တစ်ဦးကို ရီးရဲလ်က ပစ်မှတ်ထားလာတာလည်း ဖြစ်ပါတယ်။

စပိန်ထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့် မိုဟာမက်ဆာလာကို ခေါ်ယူဖို့အတွက် အကြိုအဆင့်စကားပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဆက်သွယ်နေခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့တဲ့ ကစားသမား (၃)ဦးထဲက တစ်ဦးကို ရီးရဲလ်က ပစ်မှတ်ထားလာတာလည်း ဖြစ်ပါတယ်။

ဒီသတင်းကိုတော့ ပြင်သစ်သတင်းဌာန CANAL+ ရဲ့ သတင်းထောက်တစ်ဦးဖြစ်သူ ဖိလစ်ပီကာရာယွန်က အားကစားအစီအစဉ်တစ်ခုဖြစ်တဲ့ The Late Football Show အစီအစဉ်မှာ ပြောကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Fox Sports Asia က ဒီသတင်းကို ပြန်လည် ေဖာ်ပြခဲ့ပြီး ဇီဒန်းက ဘာစီလိုနာထက် လက်ဦးမှုရယူဖို့ ကြိုးပမ်းနေတာလို့လည်း သိရပါတယ်။

ဘာစီလိုနာက ကော်တင်ဟိုကို ပြန်လည်ရောင်းချပြီး ဆာလာကို ဝယ်ယူကာ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ တွဲဖက်ပေးသွားဖို့ မျှော်လင့်နေပြီး ပိုမိုတောင့်တင်းတဲ့ တိုက်စစ်ပိုင်းကို အသက်သွင်းဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကော်တင်ဟိုကို လီဗာပူးလ်ဆီကနေ ခေါ်ယူခဲ့စဉ်က နောက်ထပ် လီဗာပူးလ်ကစားသမားတွေကို ခေါ်ယူမ်ယဆိုပါက ဘာစီလိုနာအနေနဲ့ ငွေကြေးပိုမိုပေးချေရမယ်လို့ သဘောတူညီမှု ရှိထားတာကြောင့် နူးကမ့်ကလပ်အတွက်တော့ အခက်တွေ့နေခဲ့ပါတယ်။

ဒါကို အခွင့်ကောင်းယူပြီး ရီးရဲလ်နည်းပြ ဇီဒန်းက ဆာလာကို ခေါ်ယူနိုင်ဖို့အတွက် အလျင်အမြန်အားထုတ်လာခဲ့တာ ဖြစ်ပါတယ်။ ဆာလာကတော့ ပရီးမီးယားလိဂ်မှာ နှစ်ရာသီဆက်တိုက် ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ခဲ့သူဖြစ်ပါတယ်။ ရိုးမားကနေ စတင်ပြောင်းရွှေ့လာခဲ့တဲ့ရာသီမှာ (၃၂)ဂိုး၊ ပြီးခဲ့တဲ့ရာသီမှာ (၂၂)ဂိုးအထိ သွင်းယူကာ ရွှေဖိနပ်ဆုရရှိခဲ့ပါတယ်။

ဘန်ဇီမာတစ်ဦးတည်းအပေါ် အားကိုးနေရတဲ့ တိုက်စစ်ပိုင်းအတွက် ဇီဒန်းက ဆာလာကိုပါ ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ ပြီးသွားခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ ရွှေဖိနပ်ဆုကို ကစားသမား (၃)ဦးအထိ ဆွတ်ခူးနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းက ဆာလာနဲ့ မာနေး၊ အာဆင်နယ်က

အာ်ဘာမီယန်တို့က သွင်းဂိုး (၂၂)ဂိုးစီနဲ့ ပူးတွဲဆွတ်ခူးခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က