လုပ်ခလစာသဘောတူညီမှုမရလို့ အသင်းကထွက်ဖွယ်ရှိနေတာပါ။
Pyae Phyo Thein

အလာဘာက တစ်ပတ်လုပ်ခပေါင်နှစ်သိန်းခြောက်သောင်း၊ တစ်နှစ်လုပ်ခ ပေါင် ၁၃.၅ သန်းအထိ တောင်းဆိုထားတာဖြစ်ပြီး ဒါဟာ လီဝန်ဒေါစကီး၊ သောမတ်စ်မူလာတို့နဲ့အတူ အသင်းမှာလစာငွေအများဆုံးရမယ့် ကစားသမားဖြစ်လာမယ့် အခွင့်အရေးပါ။


ဒေးဗစ်အလာဘာအနေနဲ့ အသင်းကို သူတောင်းဆိုထားတဲ့ လစာနှုန်းထားမရရှိတာကြောင့် စာချုပ်သစ်ကိစ္စအဆင်မပြေဖြစ်နေပြီး ဘိုင်ယန်ကို စွန့်ခွာဖို့ နိးစပ်လာပြီလို့ ဂျာမနီနာမည်ကြီးသတင်းစာ Bild က ဖော်ပြသွားခဲ့ပါတယ်။ အလာဘာဟာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး လာမယ့်ရာသီအပြီးမှာ အလွတ်ထွက်ခွာခွင့်ရရှိမယ့်သူဖြစ်ပါတယ်။ 

အသက် ၂၈ နှစ်အရွယ် ခံစစ်ကစားသမားဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်ခုလုံးကို ဘိုင်ယန်မြူးနစ်မှာ ကစားနေခဲ့သူဖြစ်ပြီးတော့ တကယ်လို့သာ ဆွေးနွေးမှုတွေအဆင်မပြေခဲ့ဘူးဆိုရင် အသင်းပြောင်းရွှေ့ဖို့အတွက် ရွေးချယ်တော့မှာဖြစ်ပါတယ်။ ကစားသမားနဲ့ သူ့ရဲ့အေးဂျင့်ဘက်က လုပ်ခလစာငွေတိုးတောင်းထားပြီး ဘိုင်ယန်က အဆိုပါအချက်ကို ပယ်ချခဲ့တာပါ။

ယူနိုက်တက် နဲ့ ချယ်လ်ဆီးတို့ကတော့ ဗဟိုခံစစ်မှာရော၊ ဘယ်အစွန်ခံစစ်မှာပါ ကစားနိုင်တဲ့ အလာဘာကို စိတ်ဝင်စားနေကြပါတယ်။ ဘိုင်ယန်အတွက် ပြီးခဲ့တဲ့ရာသီမှာ ပွဲပေါင်း ၄၀ အထိကစားပေးပြီး ဖလားသုံးလုံးတပြိုင်တည်းရရှိခဲ့တဲ့ သြစတြီးယားနောက်ခံလူဟာ အခြားသောလိဂ်တစ်ခုမှာ မတူညီတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့လည်း ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။ 

အလာဘာက တစ်ပတ်လုပ်ခပေါင်နှစ်သိန်းခြောက်သောင်း၊ တစ်နှစ်လုပ်ခ ပေါင် ၁၃.၅ သန်းအထိ တောင်းဆိုထားတာဖြစ်ပြီး ဒါဟာ လီဝန်ဒေါစကီး၊ သောမတ်စ်မူလာတို့နဲ့အတူ အသင်းမှာလစာငွေအများဆုံးရမယ့် ကစားသမားဖြစ်လာမယ့် အခွင့်အရေးပါ။ ကမ္ဘာ့အဆင့်နောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ထားတဲ့ အလာဘာကို ဥရောပအသင်းကြီးတိုင်းက စိတ်ဝင်စားနေပြီး လုပ်ခလစာနည်းပါးပါက ခေါ်ယူဖို့အတွက် အပြိုင်စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ 


Author


က္က