ဘိုင်ယန်မြူးနစ်အသင်းမှာ ၁၂နှစ်ကြာကစားခဲ့ပြီးနောက် အသင်းကထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာပါ။

၂၀၁၈-၁၉ ဘောလုံးရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းကထွက်ခွာခဲ့တဲ့ ပြင်သစ်လက်ရွေးစင်ဟောင်း ရီဘာရီတစ်ယောက် ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းကိုရောက်ရှိလာတော့မယ်လို့ Football365 ကဖော်ပြထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ရီဘာရီဟာ ပြီးခဲ့နှစ်ဘောလုံးရာသီအကုန်မှာ အသင်းကနေထွက်ခွာခဲ့ပြီဖြစ်ပါတယ်။ ရီဘာရီအနေနဲ့ ဘိုင်ယန်ကနေထွက်ခွာခဲ့ပြီးနောက်မှာ မေဂျာလိဂ်(သို့) အာရှဘောလုံးလောကကိုထွက်ခွာတော့မယ်လို့ သတင်းတွေက ခန့်မှန်းဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Football365 ရဲ့ဖော်ပြချက်အရ ရီဘာရီဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းကို အံအားသင့်ဖွယ်ပြောင်းရွှေ့တော့မယ်လို့သိရပါတယ်။

ရီဘာရီပြောင်းရွှေ့ဖွယ်ရှိတဲ့အသင်းက လာမယ့်နှစ်မှာ ပရီးမီးယားလိဂ်ကိုတန်းတက်ကစားမယ့် ရှက်ဖီးယူနိုက်တက်အသင်းဖြစ်တယ်လို့လည်း Football365 ကဖော်ပြထားပါတယ်။ အသက် ၃၆နှစ်အရွယ် ရီဘာရီဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၁၂နှစ်ကြာကစားခဲ့ပြီးနောက် အသင်းကထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာပါ။ ရှက်ဖီးယူနိုက်တက်အသင်းဟာ ရီဘာရီအပြင် မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဗလင်စီယာကိုလည်း ခေါ်ယူဖို့ရှိနေတယ်လို့သိရပါတယ်။

ရီဘာရီကို ကာတာနဲ့သြစတြးလျကလပ်အသင်းများစွာက ကမ်းလှမ်းမှုတွေရရှိထားပေမယ့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်ကိုသာ ရွေးချယ်ဖွယ်ရှိနေတယ်လို့သတင်းတွေကဖော်ပြနေပါတယ်။ ရီဘာရီဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံ ကိုးကြိမ်အထိဖြစ်ဖူးပြီး ချန်ပီယံလိဂ်ချန်ပီယံတစ်ကြိမ်ဖြစ်ခဲ့ဖူးပါတယ်။ ရီဘာရီနဲ့အတူ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ရော်ဘင်ကတော့ ဂျေ-လိဂ်ကိုပြောင်းရွှေ့မယ်လို့ သတင်းထွက်နေပါတယ်။ 



က္က