အန်ဆူဖာတီကို တောင်းဆိုခဲ့တာပါ။

အစောပိုင်းသတင်းတွေအရ ကွင်းလယ်လူအာသာနဲ့ ပီယာနစ်ကို အလဲအထပ်ပြုလုပ်ဖို့ ဘာစီလိုနာက ကြိုးစားခဲ့ပေမယ့်လည်း လက်ရှိမှာ ဂျူဗီဘက်က အန်ဆူဖာတီကိုသာ ပိုမိုသဘောကျလာခဲ့ပြီဖြစ်ပါတယ်။


သူတို့အသင်းရဲ့ကွင်းလယ်လူပီယာနစ်ကို ခေါ်ယူချင်တယ်ဆိုပါက လူငယ်ကစားသမားအန်ဆူဖာတီကို အပြောင်းအရွှေ့ထဲမှာ ထည့်သွင်းပေးရမယ်လို့ ဂျူဗင်တပ်စ်က ဘာစီလိုနာကို တောင်းဆိုသွားခဲ့ပါတယ်။ ပီယာနစ်ရဲ့ အပြောင်းအရွှေ့မှာ ဖာတီကို အလဲအထပ်၊ ဒါမှမဟုတ် ပြောင်းရွှေ့ကြေးရဲ့ တစ်စိတ်တစ်ပို်ငးအဖြစ် သတ်မှတ်ပေးဖို့ ဂျူဗီက တောင်းဆိုခဲ့တာပါ။ 

အသက် ၁၇ နှစ်အရွယ်တောင်ပံကစားသမားကို ဂျူဗင်တပ်စ်ဘက်က စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပြီး ကွင်းလယ်လူအာသာထက် အန်ဆူဖာတီကိုသာ ပိုမိုအလိုရှိနေတယ်လို့ TuttoSport က ဖော်ပြခဲ့ပါတယ်။ ဖာတီကတော့ ချန်ပီယံလိဂ်သမိုင်းမှာ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ်မှတ်တမ်းဝင်ခဲ့သူဖြစ်ကာ ဒီရာသီမှာ ဘာစီလိုနာအတွက် ၂၄ပွဲကစားပြီး ငါးဂိုးအထိသွင်းယူပေးထားခဲ့ပါတယ်။ 

ဘာစီလိုနာကတော့ ဖာတီကို အသင်းရဲ့အနာဂတ်အတွက် အရေးပါတဲ့ကစားသမားအဖြစ် သတ်မှတ်ထားပေမယ့် လက်ရှိမှာတော့ ပုံမှန်ပွဲထွက်ခွင့်ပေးဖို့ အခက်အခဲရှိနေဆဲဖြစ်ပါတယ်။ ဒီအတွက် ကစားသမားကို ပွဲထွက်ကစားခွင့်များများပေးနိုင်မယ့် ကလပ်အသင်းတစ်ခုကို ဘာစီလိုနာဘက်က ရှာဖွေနေပြီး အငှားချသွားဖို့ စဉ်းစားနေတယ်လို့လည်း သိရပါတယ်။ 

ဖာတီအတွက် ဘာစီလိုနာကို ကမ်းလှမ်းမှုအများအပြားရောက်ရှိခဲ့ပြီးပြီလို့လည်း ယူဆရပေမယ့် ကစားသမားဘက်က အငှားနဲ့ထွက်ခွာချင်စိတ်မရှိတာကြောင့် ညှိနှိုင်းဖို့ရာတော့ အခက်တွေ့ဖွယ်ရှိတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ဒီအတွက်ကြောင့် ပီယာနစ်နဲ့ အင်တာတိုက်စစ်မှူးမာတီနက်ဇ်ကို ခေါ်ယူရာမှာ ငွေကြေးအသုံးပြုနိုင်ဖို့ အသင်းရဲ့ကစားသမားတွေကို လက်လွှတ်ရမယ်ဆိုတာကို နားလည်ထားတဲ့ ဘာကာအတွက် ဖာတီကို အပြောင်းအရွှေ့ထဲမှာ ထည့်သွင်းလာဖွယ်ရှိနေပါတယ်။ 

အစောပိုင်းသတင်းတွေအရ ကွင်းလယ်လူအာသာနဲ့ ပီယာနစ်ကို အလဲအထပ်ပြုလုပ်ဖို့ ဘာစီလိုနာက ကြိုးစားခဲ့ပေမယ့်လည်း လက်ရှိမှာ ဂျူဗီဘက်က အန်ဆူဖာတီကိုသာ ပိုမိုသဘောကျလာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအနေနဲ့ ပီယာနစ်ကို လက်လျှော့မလား၊ အန်ဆူဖာတီကို လက်လွှတ်မလားဆိုတာကို စောင့်ကြည့်ရတော့မှာပါ။ 



က္က