လမ်းခွဲဖို့အတွက် သေသေချာချာစဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

နည်းပြဟောင်းဆာရီရဲ့နေရာကို နှစ်နှစ်စာချုပ်နဲ့ ဆက်ခံခဲ့တဲ့ ပီယာလိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းနဲ့အတူ ရာသီသစ်ပြင်ဆင်မှုတွေစတင်ခဲ့တာဖြစ်ပါတယ်။


ဂျူဗင်တပ်စ်နဲ့အတူ ပထမဆုံးလေ့ကျင့်ခန်းပြုလုပ်ခဲ့ပြီးချိန်မှာပဲ တိုက်စစ်မှူးဟီဂူအင်ဟာ အသင်းကထွက်ခွာတော့မယ်လို့ နည်းပြသစ်ပီယာလိုက အတည်ပြုသွားခဲ့ပါတယ်။ ဒါပေမယ့် အခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဒီဘာလာကတော့ အဓိကကစားသမားအဖြစ် ဆက်လက်ရှိနေမယ်လို့ ပီယာလိုက ပြောဆိုခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ 

နည်းပြဟောင်းဆာရီရဲ့နေရာကို နှစ်နှစ်စာချုပ်နဲ့ ဆက်ခံခဲ့တဲ့ ပီယာလိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းနဲ့အတူ ရာသီသစ်ပြင်ဆင်မှုတွေစတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အသက် ၃၂နှစ်အရွယ်တိုက်စစ်မှူးဟီဂူအင်ရဲ့ အနာဂတ်ကိုအတိအကျပြောဆိုခဲ့တာဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ ကလပ်အသင်းသစ်ရှာဖွေရတော့မှာဖြစ်ပါတယ်။ 

"ကျွန်တော်သူနဲ့ စကားပြောပြီးပါပြီ၊ သူက ကျွန်တော်အရမ်းလေးစားမိတဲ့သူပါ၊ အသင်းအတွက်လည်း အရေးပါတဲ့အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ သူကစားပေးခဲ့ပါတယ်၊ ကစားသမားကောင်းတစ်ဦးလည်းဖြစ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ သူနဲ့လက်တွဲဖြုတ်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်၊ ပရော်ဖက်ရှင်နယ်တွေအနေနဲ့ ကျွန်တော်တို့က တစ်ဦးနဲ့တစ်ဥိးကြည့်ရှုပြီး ဆုံးဖြတ်ချက်ချမှတ်ခဲ့တာပါ" လို့ ပီယာလိုက ပြောဆိုခဲ့ပါတယ်။ 

ဒီဘာလာနဲ့ပတ်သက်ပြီးတော့ ပြောဆိုခဲ့ရာမှာလည်း "ဒီဘာလာက အရေးပါတဲ့ကစားသမားတစ်ဦးပါ၊ သူက အသင်းရဲ့ စီမံကိန်းတွေအတွက် ဆက်ရှိနေဦးမှာဖြစ်ပြီး အရည်အသွေးရှိတဲ့ ကစားသမားတွေက တစ်သင်းတည်းမှာ အတူတူကစားနိုင်ပါတယ်၊ အရေးကြီးတာက လူတိုင်းက ကိုယ်ကျိုးစွန့်ဖို့လိုအပ်လာရင် စွန့်လွှတ်ပြီး အသင်းအဖွဲ့အကြောင်းကို တွေးတောစဉ်းစားပေးတာပါ" လို့ ထပ်ပြောခဲ့ပါတယ်။ 

ဟီဂူအင်ကတော့ နာပိုလီမှာကစားခဲ့ကာ ခြေစွမ်းပြခဲ့ပြီးနောက် ဂျူဗီကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဂျူဗီကစားသမားဘဝအစမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အငှားကစားသမားအဖြစ်နဲ့ ထွက်ခွာကစားနေခဲ့ရပြီး အေစီမီလန်၊ချယ်လ်ဆီးတို့မှာ ကစားခဲ့သူဖြစ်ပါတယ်။ 


Author


က္က