အပြောင်းအရွှေ့ဖြစ်ပေါ်လာဖွယ်ရှိနေပါတယ်။
Pyae Phyo Thein

လာမယ့်နွေရာသီမှာတော့ ခေါ်ယူနိုင်လိမ့်မယ်လို့ ဘာစီလိုနာဘက်က မျှော်လင့်နေပြီး နေမာ အသင်းကို ပြန်လည်ရောက်ရှိလာမယ့် အဓိကအကြောင်းပြချက်ကတော့ မက်ဆီနဲ့ တွဲဖက်ကစားဖို့လို့ သိရပါတယ်။ 


ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာဟာ အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး ဘာစီလိုနာကို ပြန်သွားကစားဖို့အတွက်သာ ဆန္ဒရှိကြောင်း ပြောဆိုခဲ့တယ်လို့ စပိန်သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ ကစားသမားကိုယ်တိုင်ရော၊ ကလပ်အသင်းကပါ သဘောထားတူညီနေတာဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာဖွယ်ရှိနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာဘက်က နေမာကို ခေါ်ယူဖို့ ကြိုးစားမှုတွေပြုလုပ်ခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ဘဲ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် လာမယ့်နွေရာသီမှာတော့ ခေါ်ယူနိုင်လိမ့်မယ်လို့ ဘာစီလိုနာဘက်က မျှော်လင့်နေပြီး နေမာ အသင်းကို ပြန်လည်ရောက်ရှိလာမယ့် အဓိကအကြောင်းပြချက်ကတော့ မက်ဆီနဲ့ တွဲဖက်ကစားဖို့လို့ သိရပါတယ်။ 

နေမာကို ငွေသားနဲ့ ကစားသမားအလိုက်ပေးပြီး ဘာစီလိုနာဘက်က ကမ်းလှမ်းဖို့ ပြင်ဆင်ခဲ့ပေမယ့် ပီအက်စ်ဂျီဘက်က ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ နေမာကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့ဖို့အားထုတ်ခဲ့လို့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပဲရစ်ကို စွန့်ခွာဖို့ ပိုပြီးဆန္ဒပြင်းပြလာခဲ့ရပါတယ်။ 

စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ SPORT က နေမာက စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ဖော်ပြခဲ့ပြီး ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက စာချုပ်သစ်ဆွေးနွေးမှုကို ရပ်ဆိုင်းခဲ့တာဖြစ်ကြောင်း အခိုင်အမာရေးသားသွားခဲ့ပါတယ်။ ပီအက်စ်ဂျီကလည်း နေမာအတွက် ယူရိုသန်း ၂၀၀ ရရှိဖို့ သတ်မှတ်ထားရာကနေ ယူရိုသန်း ၁၅ဝအထိ လျှော့ချပစ်လိုက်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်အတွင်းက သတင်းတွေထွက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်။ 



က္က