အဲဗာတန်ကတော့ ချက်ချင်းပဲ ငြင်းဆန်သွားခဲ့ပါတယ်။
Pyae Phyo Thein

ရစ်ချာလီဆန်အတွက် ယူရိုသန်း ၁၀၀ အထိ ပေးချေမယ်လို့ ဘာစီလိုနာက အဆိုပြုခဲ့တာဖြစ်ပြီး အဲဗာတန်က ချက်ချင်းပဲငြင်းဆန်ခဲ့တယ်လို့ Sky Sports က ဖော်ပြသွားခဲ့ပါတယ်။


တိုက်စစ်မှူးဆွာရက်ဇ်နေရာအတွက် တိုက်စစ်ကစားသမားတစ်ဦးရှာဖွေနေတဲ့ ဘာစီလိုနာအသင်းဟာ အဲဗာတန်တိုက်စစ်မှူးရစ်ချာလီဆန်ကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ရစ်ချာလီဆန်အတွက် ယူရိုသန်း ၁၀၀ အထိ ပေးချေမယ်လို့ ဘာစီလိုနာက အဆိုပြုခဲ့တာဖြစ်ပြီး အဲဗာတန်က ချက်ချင်းပဲငြင်းဆန်ခဲ့တယ်လို့ Sky Sports က ဖော်ပြသွားခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ ဒူးဒဏ်ရာကြောင့် ၄လခန့်အနားယူရတော့မှာဖြစ်ပြီး လက်ကျန်ဘောလုံးရာသီအချိန်တော်တော်များများကို လွဲချော်မှာဖြစ်ပါတယ်။ ဆွာရက်ဇ်မကစားနိုင်တဲ့နောက်မှာ အသင်းတိုက်စစ်ပိုင်းအတွက် ဂိုးရဖို့ မက်ဆီတစ်ဦးတည်းအပေါ် အားကိုးနေခဲ့ရပြီး မက်ဆီကလည်း ခြေစွမ်းပျောက်နေခဲ့လို့ ဘာစီလိုနာအတွက် အခက်တွေ့နေရပါတယ်။ 

နည်းပြဆက်တီယန်ကလည်း ကစားသမားသစ်တစ်ဦး အလိုရှိနေပြီး ရိုဒရီဂို၊ အော်ဘာမီယန်တို့ကို ချိတ်ဆက်ခဲ့ပေမယ့် မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ စျေးကွက်ပိတ်သိမ်းဖို့ကလည်း အချိန်နီးကပ်လာပြီဖြစ်တာမို့ ဘာစီလိုနာအတွက် တက်သုတ်ရိုက်စီမံနေရပြီး နောက်ထပ်ပစ်မှတ်အဖြစ်

ရစ်ချာလီဆန်ကို သတ်မှတ်ကာ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရပါတယ်။

အသက် ၂၂နှစ်အရွယ် ရစ်ချာလီင်္ဆန်ကတော့ အဲဗာတန်အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်ပြီး နည်းပြအန်ဆယ်လော့တီအတွက် အားကိုးရသူလည်းဖြစ်ပါတယ်။ ဒီရာသီမှာ ရစ်ချာလီဆန်က အဲဗာတန်အတွက် ပရီးမီးယားလိဂ်ပွဲ ၂၂ပွဲကစားပေးထားခဲ့ပြီး ၈ ဂိုးသွင်းယူကာ ၃ကြိမ်ဖန်တီေးပးခဲ့ပြီး ခြေစွမ်းပြနေခဲ့ကာ အသငး်ရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ်နဲ့လည်း ရပ်တည်နေတာဖြစ်ပါတယ်။ 


Author


က္က