လက်ရှိမှာ တီမိုဗာနာက ယူရို၅၃သန်းနဲ့ စျေးအကြီးဆုံးဂျာမနီသားဖြစ်နေတာပါ။
Pyae Phyo Thein

အပြောင်းအရွှေ့သမိုင်းမှာ စျေးအကြီးဆုံးဂျာမနီကစားသမားအဖြစ် ရပ်တည်နေတာကတော့ လိုက်ဇစ်တိုက်စစ်မှူးဟောင်းတီမိုဗာနာဖြစ်ပြီး ချယ်လ်ဆီးကို ယူရို ၅၃သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။


လေဗာကူဆင်အသင်းရဲ့ ကွင်းလယ်တိုုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်ဟာ အပြောင်းအရွှေ့သမိုုင်းမှာ စျေးအကြီးဆုံးဂျာမနီကစားသမားဖြစ်လာဖို့ နီးစပ်နေပြီလို့ ဂျာမနီသတင်းစာ Bild က ဖော်ပြသွားခဲ့ပါတယ်။ ဒါဟာ ချယ်လ်ဆီးအနေနဲ့ ဟာဗက်ဇ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးချေပြီးတော့ ခေါ်ယူရမယ်ဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပါတယ်။

လက်ရှိမှာ လေဗာကူဆင် နဲ့ ချယ်လ်ဆီးတို့ကြား ကစားသမားအတွက် ဆွေးနွေးမှုတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။ လေဗာကူဆင်က သူတို့ကစားသမားအတွက် မြင့်မားတဲ့ငွေကြေးပမာဏကို အလိုရှိနေတာဖြစ်ပြီး ချယ်လ်ဆီးအနေနဲ့ အနည်းဆုံး ယူရိုသန်း ၆ဝခန့် ပေးချေရဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ 

အပြောင်းအရွှေ့သမိုင်းမှာ စျေးအကြီးဆုံးဂျာမနီကစားသမားအဖြစ် ရပ်တည်နေတာကတော့ လိုက်ဇစ်တိုက်စစ်မှူးဟောင်းတီမိုဗာနာဖြစ်ပြီး ချယ်လ်ဆီးကို ယူရို ၅၃သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ လေဗာကူဆင်က ဟာဗက်ဇ်အတွက် ယူရိုသန်း ၁ဝဝအထိ အလိုရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ချယ်လ်ဆီးကတော့ အဆိုပါပမာဏကို ပေးချေမှာမဟုတ်ဘူးလို့လည်း ငြင်းဆန်ထားကြောင်းသိရပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ လေဗာကူဆင်အတွက် အထူးခြေစွမ်းပြခဲ့ပြီး ဥရောပရဲ့အထွန်းတောက်ဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဟာဗက်ဇ်ကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့ဖို့အတွက် စိတ်အားထက်သန်နေပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖွယ်ရှိနေပြီး ဟာဗက်ဇ်က ဖော်ပြခဲ့သလို စျေးအကြီးဆုံးဂျာမနီကစားသမားအဖြစ် မှတ်တမ်းဝင်လာဖွယ်ရှိနေပြီဖြစ်ပါတယ်။ 


Author


က္က