၀ါရင့်တိုက်စစ်ကစားသမားတွေဖြစ်ပြီး အလွတ်ခေါ်ယူနိုင်မှာပါ။
Pyae Phyo Thein

လက်ရှိစျေးကွက်အတွင်းမှာ အရောင်းစာရင်းတင်ခံထားရတဲ့ကစားသမားတွေ၊ အလွတ်ခေါ်ယူနိုင်မယ့် ကစားသမားတွေ အများအပြားရှိနေသေးပြီး အဲဒီထဲမှာမှ နာမည်ကျော်ကစားသမားတွေလည်း ရှိနေပါတယ်။


အပြောင်းအရွှေ့စျေးကွက်ပိတ်သိမ်ဖို့ကတော့ အချိန်တော်တော်များများလိုအပနေပါသေးတယ်။ ဒါကြောင့် ဥရောပထိပ်သီးလိဂ်တွေမှာ ကစားသမားသစ်ဝယ်ယူမှုတွေ၊ ရောင်းချမှုတွေကို ထပ်တွေ့ရဦးမှာကတော့ သေချာပါတယ်။ ကိုင်ဟာဗက်ဇ်၊ ဗန်ဒီဘိခ်၊ ဝီလီယံအစရှိတဲ့ နာမည်ကျော်ကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေဖြစ်ပေါ်ခဲ့ပြီးနောက် စျေးကွက်တွင်းမှာ အနည်းငယ်ငြိမ်သက်နေခဲ့ပါတယ်။

လက်ရှိစျေးကွက်အတွင်းမှာ အရောင်းစာရင်းတင်ခံထားရတဲ့ကစားသမားတွေ၊ အလွတ်ခေါ်ယူနိုင်မယ့် ကစားသမားတွေ အများအပြားရှိနေသေးပြီး အဲဒီထဲမှာမှ နာမည်ကျော်ကစားသမားတွေလည်း ရှိနေပါတယ်။ အခုဆိုရင် ပီအက်စ်ဂျီတိုက်စစ်မှူးကာဗာနီကို အလွတ်ခေါ်ယူနိုင်မှာဖြစ်ပြီး သူ့ကိုခေါ်ယူဖို့ အေတီကို၊ ဂျူဗီတို့လိုအသင်းတွေက ကြိုးစားနေပြီး ဘင်ဖီကာကို ကာဗာနီက စိတ်ဝင်စားနေတယ်လို့လည်း စိတ်ဝင်စားနေပါတယ်။

အသက် ၃၃နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးအပြင် နောက်ထပ်နာမည်ကျော်တစ်ဦးကတော့ ဂေ့ါဇီပါ။ အသက် ၂၈ နှစ်သာရှိသေးပြီး ကစားသမားဘဝအကောင်းဆုံးအချိန်ကို ရောက်နေတဲ့ ကစားသမားကို အလွတ်နဲ့ရမယ်ဆိုတာက အံ့အားသင့်စရာပါ။ ဒါပေမယ့် ဂေါ့ဇီရဲ့ ခြေစွမ်းကျဆင်းနေမှု၊ ကြံ့ခို်င်မှုအနေအထားတွေကို ထည့်စဉ်းစားမယ်ဆိုရင်တော့ သိပ်အံ့အားသင့်စရာမရှိပါဘူး။ အခုဆိုရင် သူက ဒေါ့မွန်နဲ့ လမ်းခွဲထားပြီး ကလပ်အသင်းလက်မဲ့ဖြစ်နေပါတယ်။ ထိပ်သီးအသင်းတွေကတော့ ဂေါ့ဇီကို စိတ်မဝင်စားကြဘဲ အလယ်အလတ်အသင်းတွေက ပိုမိုစိတ်ဝင်စားနေကြပါတယ်။ 

အေစီမီလန်၊ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ပါတိုကိုလည်း အလွတ်ခေါ်ယူခွင့်ရမှာပါ။ ဘရာဇီးလ်ရဲ့ နာမည်ကျော်ကစားသမားဖြစ်လာမယ်လို့ ထင်ကြးပေးခံခဲ့ရတဲ့ ဒီကစားသမားက ဆော်ပေါ်လိုမှာ ဒုတိယအကြိမ်ကစားပြီးနောက် လမ်းခွဲခဲ့ပြန်ပါပြီ။ အသက် ၃၁ နှစ်အရွယ်တိုက်စစ်မှူးဟာ အေစီမှာ ကျော်ကြားခဲ့သလောက် ကျန်အသင်းတွေမှာတော့ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရပါတယ်။ တရုတ်စူပါလိဂ်မှာ ၂ရာသီကြာသွားကစားခဲ့ပြီး ၄၇ ပွဲမှာ ဂိုး ၃၀ အထိရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက ဆော်ပေါ်လိုအတွက် ပြန်ကစားပေးပြီး ပြန်လမ်းခွဲခဲ့တာပါ။ 

နောက်တစ်ဦးကတော့ မန်ဇူကစ်ပါ။ အယ်လ်ဒူဟာလ်အသင်းနဲ့ ၅ပွဲသာကစားခဲ့ပြီးနောက် လမ်းခွဲခဲ့တဲ့ မန်ဇူကစ်ကို ဥရောပထိပ်သီးတချို့က စောင့်ကြည့်နေပါတယ်။ ဘိုင်ယန်၊ အေတီကိုနဲ့ ဂျူဗီတို့မှာကစားခဲ့တဲ့ မန်ဇူကစ်က အကောင်းဆုံးပုံစံမှာရှိနေဆဲဖြစ်ပြီး သူ့အနာဂတ်ကလည်း စိတ်ဝင်စားစရာပါ။ အလွတ်ခေါ်ယူနိုင်မယ့်သူဖြစ်ပြီး သူ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ယူနိုက်တက်လည်းပါဝင်နေပါတယ်။ ခရိုအေးရှားတိုက်စစ်မှူးရဲ့ တကျော့ပြန်ဥရောပခရီးလမ်းက ဘယ်မှာနားခိုဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ 


Author


က္က