လက်ရှိမှာတော့ ရီးရဲနဲ့ ပြန်လည်ပူးပေါင်းနေရပါတယ်။

စီဘယ်လော့စ်က မနှစ်က ရာသီဝက်အငှားနဲ့ ရောက်လာသူ ဖြစ်ပြီး အသင်းနဲ့ အကောင်းဆုံး တွဲဖက် နိုင်ခဲ့လို့ အာတီတာက ဆက်လက်ခေါ်ယူတာလို့ ဆိုပါတယ်။

ရီးရဲကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ကွင်းလယ်လူ စီဘယ်လော့စ်ကို အာဆင်နယ်အသင်းက နောက်ထပ် အငှားခေါ်ယူနိုင်ခဲ့ပြီး အပြီးသတ် ဝယ်ယူဖို့ သဘောတူညီချက်တွေတော့ မပါဝင်ဘူးလို့ သိရပါတယ်။



စီဘယ်လော့စ်အနေနဲ့ အာဆင်နယ်အသင်းမှာ မနှစ်က ရာသီဝက်အငှားစာချုပ်နဲ့ ရောက်လာခဲ့ပြီး အသင်းနဲ့ အတူ ပြိုင်ပွဲစုံ ၃၇ပွဲကစားကာ ၂ဂိုးသွင်းယူပေးနိုင်ခဲ့သူပါ။

လက်ရှိမှာတော့ စီဘယ်လော့စ်က ပထမ အငှားစာချုပ်ပြည့်သွားလို့ ရီးရဲအသင်းနဲ့ ပြန်လည်ပူးပေါင်းနေပြီ ဖြစ်ပေမယ့် အာဆင်နယ်အသင်းကို ပြန်လည်‌ရောက်ရှိလာမှာပါ။

စီဘယ်လော့စ်ကတော့ မနှစ်က အာဆင်နယ်အသင်းနဲ့အတူ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့သူ ဖြစ်ပြီး စပိန် အသင်းရဲ့ ယူရို လူစာရင်းမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေသူလည်း ဖြစ်ပါတယ်။

စီဘယ်လော့စ်အတွက် စပိန်လူမျိုးဖြစ်သူ အာတီတာကလည်း အာဆင်နယ်ကို ပြန်လာရဖို့ အဓိက အကြောင်းရင်း ဖြစ်နေပြီး အာတီတာကလည်း စီဘယ်လော့စ်ကို ရဲရဲဝံ့ဝံ့ နေရာပေးပြီး ကစားနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က