နှစ်နှစ် စာချုပ်ချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။
Kyaw Ko Ko Sint

အာဆင်နယ်အသင်းကို ၂၀၁၃ ခုနှစ်က ရောက်လာပြီး အသင်းအတွက် ပွဲပေါင်း ၂၅၀မှာ ၁၀ ဂိုးထိသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဘယ်နောက်ခံလူ နေရာမှာ ပုံမှန် ပွဲထွက် ကစားနေတဲ့ နောက်ခံလူ နာချို မွန်နရယ် ကတော့ စပိန်ကလပ် ရီးရဲ ဆိုစီဒက် အသင်းထံ ၂နှစ်စာချုပ်သက်တမ်းနဲ့ ရောက်ရှိသွားခဲ့ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



အသက် ၃၃ နှစ်အရွယ် စပိန်လက်ရွေးစင် ကစားသမားကတော့ ဒီနှစ်မှာ အာဆင်နယ်အသင်းရဲ့ လိဂ် ၃ ပွဲစလုံး ကို ပွဲထွက်ပါဝင်ခဲ့သလို ဘန်လေနဲ့ပွဲမှာဆိုရင် အသင်းခေါင်းဆောင်အဖြစ်တောင် တာဝန်ယူခဲ့သူပါ။

၂၀၁၃ ခုနှစ်က မာလာဂါအသင်းကနေ အာဆင်နယ်အသင်းကို စတင် ပူးပေါင်းချိန်ကစပြီး ပြန်လည်ထွက်ခွာ သွားချိန်အထိ ပွဲပေါင်း ၂၅၀ မှာ သွင်းဂိုး ၁၀ ဂိုးထိသွင်းယူပေးခဲ့သူပါ။



မွန်နရယ် ထွက်ခွာမယ့်သတင်းအပေါ် အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက အစောပိုင်းကတည်းက ကြိုတင် အတည်ပြုပေးထားတာ ဖြစ်ပြီး ဥရောပ အပြောင်းအရွှေ့ ရာသီမပိတ်ခင် ပြောင်းဖြစ်မယ်လို့ ပြောထားတာပါ။

မွန်နရယ်ကတော့ အာဆင်နယ်အသင်းမှာ ရှိစဉ်အသင်းနဲ့အတူ အက်ဖ်အေဖလားနဲ့ မနှစ်က ယူရိုပါလိဂ် ဗိုလ်လု ပွဲထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ နိုင်ငံတကာပွဲစတင်ကစားခဲ့ရပြီး စပိန်လက်ရွေးစင်အသင်းအတွက် ၂၀၁၈ ကမ္ဘာ့ဖလား အပါအဝင် ပွဲပေါင်း ၂၂ ပွဲ ကစားပေးထားနိုင်ခဲ့သူပါ။

မွန်နရယ်ရဲ့ နေရာအတွက်ကိုမူ နည်းပြ အူနိုင်းက ဆဲလ်တစ် ဘယ်နောက်ခံလူ တီယာနေးကို အစားထိုးခေါ်ယူ ထားပေမယ့် ဒဏ်ရာကြောင့် ပွဲထွက်ကစားနိုင်ခြင်း မရှိသေးတဲ့ အခြေအနေမှာတော့ မနက်ဖြန် ကစားမယ့် လန် ဒန်ဒါဘီမှာ အာဆင်နယ် ဘယ်နောက်ခံနေရာမှာ ကိုလာစီနက် ပွဲထွက်လာနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က