မနှစ်က ၃၉ပွဲမှာ ၂ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

အငှားစာချုပ်မှာ အပြီးသတ်ဝယ်ယူခွင့်ပါဝင်ပြီး ပေါင် ၂၂သန်းတန်ကို ၁၁သန်းစီ နှစ်ကြိမ်ခွဲပေးကာ ဝယ်ယူခွင့်ပါဝင် တယ်လို့ အီတလီ သတင်းရပ်ဝန်းမှာ ဖော်ပြလာကြပါတယ်။

အာဆင်နယ်အသင်းဟာ ဥရုဂွေး ကွင်းလယ်ကစားသမား တော်ရဲရားကို စီးရီးအေကလပ် တိုရီနိုအသင်းထံ အငှားချ နိုင်ဖို့အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။



အသက် ၂၄နှစ်သာရှိသေးတဲ့ အဆိုပါ ကွင်းလယ်လူဟာ အာဆင်နယ်အသင်းရဲ့ ကွန်မြူနတီဒိုင်း အောင်ပွဲမှာ မပါဝင်ခဲ့သလို ဖူဟမ်နဲ့ကစားခဲ့တဲ့ လိဂ် အဖွင့်ပွဲမှာလည်း မပါဝင်ခဲ့ပါဘူး။

Sky Sports ရဲ့ ဖော်ပြချက်မှာတော့ တိုရီနိုအသင်းက တော်ရဲရားကို အငှားစာချုပ်နဲ့ ခေါ်ယူရာမှာ အပြီး ဝယ်ယူ ခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုမယ်လို့ သိရပါတယ်။

အပြီးသတ် စရိတ်က ပေါင် ၂၂သန်း ရှိပြီး ဒါကို အီတလီ ကလပ်အသင်းအနေနဲ့ ၁၁သန်း နှစ်ကြိမ်စီဖြင့် ဝယ်ယူနိုင် မယ်လို့လည်း သိရပါသေးတယ်။

တော်ရဲရားအနေနဲ့ မနှစ်က အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၃၉ပွဲမှာ ၂ဂိုးသွင်းပြီး တစ်ဂိုးသာ ဖန်တီးပေးနိုင်ခဲ့ ပါတယ်။

နည်းပြ အာတီတာကတော့ ဒီနှစ်မှာ အသင်းရဲ့ ကွင်းလယ်ကို ဇာခါနဲ့ အယ်လီနီ အတွဲကိုသာ အသုံးပြုလာခဲ့တာ ကြောင့်လည်း တော်ရဲရားရဲ့ နေရာပျောက်ဆုံးသွားရတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က