ဘတ်ပေကတော့ လီဗာပူး၊ရီးရဲတို့ကို ပြောင်းတော့မယ်လို့ သတင်းထွက်ပေါ်နေသူပါ။

ဘတ်ပေကို လီဗာပူး၊ရီးရဲ စတဲ့အသင်းကြီးတွေက ကမ်းလှမ်းနေပြီး ဒီရာသီ ဈေးကွက်မှာ အသင်းပြောင်းမယ်လို့ သတင်းထွက်ပေါ်နေခဲ့တာပါ။

ပီအက်စ်ဂျီအသင်းရဲ့ အဓိကတိုက်စစ်မှူးဘတ်ပေအနေနဲ့ လာမယ့်ရာသီအသင်းမှာဆက်ရှိနေဖို့ ၂၀၀ ရာခိုင်နှုန်း အထိ သေချာတယ်လို့ ဥက္ကဌ အယ်လ်ခါလီဖီကပြောခဲ့တဲ့အကြောင်း BBC SPORTက ဖော်ပြလာပါတယ်။

ဘတ်ပေအနေနဲ့ မိုနာကိုအသင်းကနေပီအက်စ်ဂျီအသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အပြီးသတ် ပြောင်းရွှေ့ထားနိုင်ခဲ့တာ ဖြစ်ပေမယ့် ဒီနှစ်အကုန်မှာတော့ အသင်းပြောင်းဖို့ သတင်းထွက်ပေါ်နေတာပါ။

ဘတ်ပေ အသင်းကထွက်မယ်ဆိုတဲ့သတင်းကိုတော့ - “ ဒီကစားသမားကို ကျွန်တော် လက်လွှတ်မှာ မဟုတ်ပါ ဘူး၊ ကစားသမားတွေကိုကျွန်တော့်အသင်းဂျာစီကို ဂုဏ်ယူစွာ ဝတ်ဆင်နေတာပဲမြင်ချင်တာပါ၊ ဘတ်ပေက အသင်းရဲ့ လာမယ့် အနာဂတ် အစီအစဉ်ထဲမှာ အဓိကကျတဲ့ ကစားသမားပါ။ ဒီအတွက်သူ့ကို တာဝန်ယူမှု တာဝန်ခံမှုအပိုင်းတွေလည်း ပြောထားပြီးသားပါ။ သူသာနားလည်မယ်ဆိုရင် အသင်းမှာ ရှိနေဖို့က ၂၀၀ ရာခိုင်နှုန်းလောက် သေချာပါတယ်။” လို့ အယ်ခါလီဖီက ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီတစ်ခုလုံးမှာ ဘတ်ပေအနေနဲ့ ပီအက်စ်ဂျီအတွက် ၄၃ပွဲကစားပြီး ၃၉ ဂိုးသွင်း ယူပေးထားနိုင်ခဲ့ပါတယ်။

လတ်တလောမှာတော့ ဘတ်ပေကို အင်္ဂလန်ကလပ် လီဗာပူး၊စပိန်ကလပ်ရီးရဲမက်ဒရစ်တို့ထံ ပြောင်းရွှေ့တော့ မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။



က္က