အသင်းတိုက်စစ်ပြသနာကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်နေတာပါ။

တီမိုဝါနာကတော့ လိုက်ဇစ်အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၂၄ ပွဲကစားပေးထားရာမှာ ၆၈ ဂိုးအထိ သွင်းယူပေးထားသူလည်းဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ လိုက်ဇစ်အသင်းတိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယလို့ သိရပါတယ်။ အသင်းရဲ့ တိုက်စစ်ပြသနာကို ဝါနာက ဖြေရှင်းပေးနိုင်မယ်လို့ ယူနိုက်တက်က ယုံကြည်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမားကို ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့တော့ မဖြစ်နိုင်ဘူးလို့ Four Four Two က ရေးသားဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားကိုယ်တိုင်ကလည်း ဇန်နဝါရီမှာ ကစားသမားတစ်ဦး သို့ နှစ်ဦးခန့်ကို ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ ဝန်ခံပြောကြားခဲ့ဖူးပါတယ်။ လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို အသင်းကနေ ထွက်ခွာစေခဲ့ပြီးနောက် တိုက်စစ်ကစားသမားဖြည့်တင်းခြင်းမရှိခဲ့လို့ ရာသီအစမှာ အခက်တွေ့ခဲ့ရပြီးနောက် ဆိုးလ်ရှားက တိုက်စစ်အင်အားကိုဖြည့်တင်းဖို့ ဆန္ဒရှိလာတာဖြစ်ပါတယ်။

တီမိုဝါနာကတော့ လိုက်ဇစ်အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၂၄ ပွဲကစားပေးထားရာမှာ ၆၈ ဂိုးအထိ သွင်းယူပေးထားသူလည်းဖြစ်ပါတယ်။ ဒီရာသီမှာလည်း ပြိုင်ပွဲစုံ ၁၀ပွဲသာကစားရသေးပေမယ့် အသင်းအတွက် သွင်းဂိုး ၇ ဂိုးအထိ ရယူပေးထားပြီး ခြေစွမ်းပြနေခဲ့ကာ ထိပ်တန်းအသင်းတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂျာမနီတိုက်စစ်မှူးကို ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။ ဒီအတွက် ယူနိုက်တက်အတွက် ကြီးမားတဲ့ပြိုင်ဘက်ကောင်းတစ်သင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဝါနာကို ဈေးပေါပေါနဲ့ လက်လွှတ်ခံမှာမဟုတ်တဲ့ လိုက်ဇစ်အသင်းကြောင့်လည်း ဆိုးလ်ရှားအတွက် အခက်အခဲတွေရှိလိမ့်မယ်လို့ Four Four Two က သုံးသပ်ရေးသားခဲ့ပါတယ်။



က္က