ပေါင် ၅၃ သန်းနဲ့ သဘောတူညီထားတယ်လို့ သိရပါတယ်။
Pyae Phyo Thein

တီမိုဝါနာကို ပေါင် ၅၃သန်းနဲ့ ချယ်လ်ဆီးက ခေါ်ယူနိုင်ခဲ့ကြောင်းကို ဥရောပသတင်းဌာနအများအပြားက ဖော်ပြခဲ့ပြီးဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းဘက်ကတော့ လက်ရှိအချိန်ထိ အတည်ပြုထားခြင်းမရှိသေးတာဖြစ်ပါတယ်။


ချယ်လ်ဆီးအနေနဲ့ တီမိုဝါနာကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပေမယ့် အပြောင်းအရွှေ့ကို မကြေညာနိုင်သေးတာဟာ အဓိကအကြောင်းရင်းနှစ်ချက်ကြောင့်လို့ သိရပါတယ်။ Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအနေနဲ့ လိုအပ်တဲ့စာရွက်စာတမ်းကိစ္စတွေအားလုံးကို ပြီးဆုံးအောင်ပြုလုပ်နိုင်ခဲ့ပြီးမေယ့်လည်း ဘွန်ဒက်လီဂါပွဲတွေပြီးဆုံးမယ့် ဇွန် ၂၇ ရက်အထိ စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။

တီမိုဝါနာကို ပေါင် ၅၃သန်းနဲ့ ချယ်လ်ဆီးက ခေါ်ယူနိုင်ခဲ့ကြောင်းကို ဥရောပသတင်းဌာနအများအပြားက ဖော်ပြခဲ့ပြီးဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းဘက်ကတော့ လက်ရှိအချိန်ထိ အတည်ပြုထားခြင်းမရှိသေးတာဖြစ်ပါတယ်။ လိုက်ဇစ်အသင်းဘက်ကလည်း အဆိုပါသတင်းတွေကို ငြင်းဆိုထားပေမယ့်လည်း ၀ါနာက ချယ်လ်ဆီးကစားသမားဖြစ်နေပြီလို့ ယုံကြည်သူအများအပြားရှိနေခဲ့ပါတယ်။ 

ချယ်လ်ဆီးဘက်က အတည်ပြုမကြေညာရတာဟာ ဘွန်ဒက်လီဂါပြန်ကန်ပွဲတွေကစားချိန်မှာ ပြင်ပကိုသွားလာခွင့် ပိတ်ပင်ထားတဲ့ စည်းမျဉ်းကြောင့် ၀ါနာအနေနဲ့ လန်ဒန်ကို လာရောက်နိုင်ခြင်းမရှိသလို ချယ်လ်ဆီးဘက်ကလည်း အသင်းဆေးအဖွဲ့ကို ဂျာမနီစေလွှတ်လိုက်ပါက ပြန်လည်ရောက်ရှိချိန်မှာ ကွာရန်တင်းဝင်ရမှာဖြစ်လို့ အခက်ကြုံနေရပါတယ်။

ဒါကြောင့် ကစားသမားကို ခေါ်ယူဖို့ လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်သွားဖို့ ကျန်ရှိနေသေးပြီး အဆိုပါပြသနာကို ဘွန်ဒက်လီဂါရာသီကုန်ဆုံးချိန်မှသာ ဖြေရှင်းနိုင်မှာဖြစ်လို့လည်း ချယ်လ်ဆီးဘက်က အတည်ပြုသတင်းထုတ်ပြန်ဖို့ နှောင့်နှေးနေရတယ်လို့ သိရပါတယ်။ ၀ါနာကတော့ ဒီရာသီမှာ လိုက်ဇစ်အတွက် ပြိုင်ပွဲစုံ ၃၁ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ 



Author


က္က