စာချုပ်ပါလျော်ကြေးပေးသွားဖို့ ချယ်လ်ဆီးက ဆန္ဒရှိနေပါတယ်။
Pyae Phyo Thein

၀ါနာအနေနဲ့လည်း အန်ဖီးလ်မှာသာ ကစားချင်တယ်ဆိုရင် နောက်ထပ်တစ်နှစ်မှသာ အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်နိုင်ချေရှိတာကိုလည်း ချယ်လ်ဆီးအသင်းက စိတ်ပူနေတယ်လို့ သိရပါတယ်။ 


လိုက်ဇစ်တိုက်စစ်မှူးတီမိုဝါနာရဲ့ စာချုပ်လျော်ကြေးပေါင် ၅၃သန်းကို လီဗာပူးလ်အသင်းက ပေးချေဖို့အခက်တွေ့နေချိန်မှာ သူတို့အနေနဲ့ အခွင့်ကောင်းရယူနိုင်လိမ့်မယ်လို့ ချယ်လ်ဆီးက မျှော်လင့်နေပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂျာမနီတိုက်စစ်မှူးဟာ လိုက်ဇစ်အတွက် ပြိုင်ပွဲစုံ ၃၁ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။

၀ါနာကိုခေါ်ယူဖို့အတွက် ဥရောပထိပ်တန်းကလပ်တချို့က စိတ်ဝင်စားနေပြီး ကစားသမားကတော့ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားတယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်အနေနဲ့ ၀ါနာကိုခေါ်ယူဖို့ ၁၂လခန့် စောင့်ဆိုင်းမယ်ဆိုပါက စာချုပ်ပါအချက်အရ ကစားသမားရဲ့တန်ဖိုးဟာ ပေါင် ၃၅သန်းသာ ရှိတော့မှာမို့ ခေါ်ယူဖို့လွယ်ကူသွားမှာဖြစ်ပါတယ်။

ချယ်လ်ဆီးဘက်ကလည်း အဆိုပါအနေအထားကိုပဲ စိုးရိမ်နေပြီး ၀ါနာကို လက်ဦးမှုရဖို့အားထုတ်ချင်နေတယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။ ၀ါနာအနေနဲ့လည်း အန်ဖီးလ်မှာသာ ကစားချင်တယ်ဆိုရင် နောက်ထပ်တစ်နှစ်မှသာ အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်နိုင်ချေရှိတာကိုလည်း ချယ်လ်ဆီးအသင်းက စိတ်ပူနေတယ်လို့ သိရပါတယ်။ 

လိုက်ဇစ်နည်းပြ နာဂယ်စမန်းကတော့ သူ့အနေနဲ့ ကစားသမားကို အသင်းမှာဆက်ရှိနေဖို့ အနည်းငယ်မျှသာ ပြောဆိုနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ၀ါနာအနေနဲ့ သူ့ရဲ့အနာဂတ်၊ ကစားသမားဘဝအတွက် ကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပြီး သူ့ဘက်ကတော့ လုပ်ပေးနိုင်တာ နည်းပါးတယ်လို့ ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။ 


Author


က္က