တိုက်စစ်မှူး ၃ယောက်အတွက် အထောက်အပံ့ ဖြစ်အောင်လို့ ဆိုပါတယ်။
Kyaw Ko Ko Sint

လီဗာပူးကို ရောက်လာရင်တော့ ပွဲထွက်ကစားခွင့်ရဖို့ မသေချာပဲ မာနေး၊ဆာလာ၊ဖာမီနိုတို့အတွက် အားဖြည့်ဖို့ ဝယ်တာဆိုတော့ ကြိုကြားကြိုကြားလောက်သာ ကစားရဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းဟာ ဝက်ဖို့ဒ်အသင်းရဲ့ တိုက်စစ်မှူးအစ္စမိုင်လာဆားနဲ့ ပတ်သက်ပြီး ဝက်ဖို့ဒ်အသင်းနဲ့ စာချုပ် အခြေအနေဘယ်လို ရှိတယ်ဆိုတာ စုံစမ်းနေကာ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

လက်ရှိအချိန်ထိ တရားဝင် ကမ်းလှမ်းမှု မလုပ်ထားရသေးပေမယ့် လီဗာပူးအသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူး ၃ ယောက်အတွက် အားဖြည့်ဖို့ လုပ်ဆောင်လာမယ်လို့လည်း Daily Mail က ဖော်ပြလာပါတယ်။

ဝက်ဖို့ဒ်အသင်းကတော့ တိုက်စစ်မှူး အစ္စမိုင်လာအတွက် အနည်းဆုံး ပေါင် ၃၆သန်း အလိုရှိနေတယ်လို့လည်း သိရပါတယ်။

ဝက်ဖို့ဒ်အသင်းကတော့ လာမယ့်နှစ် ပရီးမီးယားလိဂ်ကို တန်းပြန်တက်ဖို့အတွက် တိုက်စစ်မှူးကို ထိန်းသိမ်းဖို့ ဆန္ဒရှိပေမယ့်လည်း လိုချင်တဲ့ ပမာဏတစ်ခုရရင်တော့ ရောင်းထုတ်နိုင်တယ်လို့လည်း သိရပါသေးတယ်။

ဆားကိုတော့ ဝက်ဖို့ဒ်က မနှစ်က စျေးကွက်မှာ ပေါင် သန်း ၃၀နဲ့ ခေါ်ယူထားတာ ဖြစ်ပြီး အသင်းအတွက် ပွဲအပေါင်း ၃၀ ကစားပေးရာမှာ ၆ဂိုးသွင်း ၆ဂိုးဖန်တီးပေးထားနိုင်သူပါ။

ဆားကို အခုလို ခေါ်ယူဖို့ အကြောင်းဖန်လာတာကတော့ ဆားဟာ လီဗာပူးကို ၃-၀နဲ့ အံ့အားသင့်ဖွယ် အနိုင်ရခဲ့ တုန်းက တစ်ဦးတည်း ၂ဂိုးသွင်းယူခဲ့သူလည်း ဖြစ်ပါတယ်။

အစ္စမိုင်လာဆားအနေနဲ့ကတော့ လီဗာပူးကို ရောက်ရင်တော့ သေချာပေါက် ပွဲထွက်ကစားခွင့်ရမှာတော့ မဟုတ်ပဲ မာနေး၊ဆာလာနဲ့ ဖာမီနိုတို့နောက်ကနေ ကြိုကြားကြိုကြားလောက်သာ ကစားခွင့်ရမယ့် အခြေအနေရှိပါတယ်။

တစ်ချိန်တည်းမှာပဲ လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာကို ခေါ်ယူနိုင်ရေး ပေါင် ၂၅သန်းနဲ့ သဘောတူညီမှု ရရှိထားပြီလို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က