တနင်္ဂနွေနေ့ နံနက်ပိုင်းနောက်ဆုံးရ အပြောင်းအရွှေ့သတင်းတိုတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
စပါးနောက်ခံလူ ဗာတွန်ဂန်ဟာ အသင်းနဲ့အတူ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပါတယ်။ ဗာတွန်ဂန်နဲ့ စပါးအသင်းတို့ စာချုပ်ဟာ ၂၀၂၀မှာ ကုန်ဆုံးမှာဖြစ်ပြီး ကစားသမားကတော့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပါတယ်။ အသက် ၃၁နှစ်အရွယ် ဘယ်လ်ဂျီယမ်လက်ရွေးစင်ဟာ စပါးမှာ အဓိကနောက်ခံလူတစ်ဦးလည်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ တိုက်စစ်မှူးတစ်ဦးခေါ်ဖို့ စီစဉ်နေပါတယ်။ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ဘိုကာဂျုနီယာအသင်းက အသက် ၂၂နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး ပေဗွန်ကို စိတ်ဝင်စားနေပါတယ်။ အင်္ဂလန်မီဒီယာ The Sun ရဲ့ဖော်ပြချက်အရ ဘိုကာဂျုနီယာအသင်းဟာ ပေဗွန်ကိုရောင်းချဖို့ ဆန္ဒမရှိပဲ ဖူလ်ဟမ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒေါ့မွန်ကစားသမား ပူလီဆစ်ကို စာချုပ်ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ the Mail on Sunday သတင်းဌာနက ဖော်ပြထားပါတယ်။ ပြောင်းရွှွှေ့ကြေးပေါင်သန်း ၆၀ နဲ့ညှိုနှိုင်းနေပြီး အဆင်ပြေဖို့ နီးစပ်နေပြီလို့ သတင်းအရသိရပါတယ်။ ဒါပေမယ့် ကစားသမားကို ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း မှာ ချယ်လ်ဆီးကို ပြောင်းရွှေ့မှာမဟုတ်ပဲ နောက်နှစ်ဘောလုံးရာသီမှသာ ပြောင်းရွှေ့မှာဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းတိုက်စစ်မှူး ကီဗင်သြဂတ်စတင်ကို ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာခေါ်ယူဖို့ ရည်ရွယ်ထားပါတယ်။ အသက် ၂၁နှစ်အရွယ် တိုက်စစ်မှူးကို လိုက်ပ်ဇစ်အသင်းက ပြောင်းရွှေ့ကြေးပေါင် ၃၈သန်းသတ်မှတ်ထားတာပါ။ အဲဗာတန်အသင်းဟာ အားနည်းနေတဲ့ တိုက်စစ်နေရာအတွက် လူသစ်ခေါ်ဖို့ ရှာဖွေနေတာလည်းဖြစ်ပါတယ်။