အသက် ၁၉ နှစ်သာရှိပါသေးတယ်။

မတ်တီကတော့ ပြီးခဲ့တဲ့ နယူးကာဆယ်က ယူနိုက်တက်ကို ၁-ဝနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် တစ်လုံး တည်းသော အနိုင်ဂိုးကိုသွင်းယူပေးခဲ့သူဖြစ်ပါတယ်။

နယူးကာဆယ်အသင်းရဲ့ လူငယ်ကစားသမားလေး မတ်တီလောင်းစတက်ဖ်ရဲ့ တစ်ပတ်လုပ်ခက ပေါင် ၈၅၀ သာရှိနေပြီးသူ့ကိုတော့ လာမယ့် နွေရာသီဈေးကွက်မှာ အလွတ်ခေါ်ယူနိုင်တော့မယ်လို့ Daily Mailကဖော်ပြ လာပါတယ်။

မတ်တီအနေနဲ့ ပြီးခဲ့တဲ့ ယူနိုက်တက်နဲ့ပွဲစဉ်မှာ နယူးကာဆယ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပြီး ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကို ဖိအားတွေအောက်ရောက်စေခဲ့သူလည်း ဖြစ်ပါတယ်။

အခုချိန်မှာ The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ ၂၀၁၈ ခုနှစ်မှာ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့တဲ့ မတ်တီရဲ့ စာချုပ်သက်တမ်းက ဒီနွေရာသီမှာ ကုန်ဆုံးမှာပါ။



ဒါကြောင့် နယူးကာဆယ်အသင်းကတော့ စာချုပ်သစ်အတွက် ထပ်မံကမ်းလှမ်းမှုတွေ လုပ်ဆောင်နေပြီလို့ သိရပြီး အခြားအသင်းကြီးတွေကလည်း မျက်စိကျနေတယ်လို့သိရပါတယ်။

မတ်တီရဲ့အကိုဖြစ်သူ စီယန်ကတော့ အိုးထရက်ဖို့ဒ်ကို ပေါင်သန်း ၅၀ နဲ့ ရောက်ရှိတော့မယ်လို့ ထင်ကြေးပေးခံ နေရပြီး မတ်တီကတော့အခြားဥရောပအသင်းကြီးတွေကို ရောက်သင့်တယ်လို့ ကောက်ချက်ချနေကြပါတယ်။

လက်ရှိမှာတော့မတ်တီရဲ့ အဖိုးတန်သွင်းဂိုးနဲ့ လတ်တလောခြေစွမ်းတွေကြောင့် အင်္ဂလန်ယူ-၂၁ အသင်းရဲ့ အနာဂတ် ပွဲစဉ်တွေအတွက် ခေါ်ယူခြင်း ခံရဖို့ စောင့်ကြည့်ခံနေရပြီလို့လည်း သိရပါတယ်။



က္က