အီတလီချန်ပီယံအသင်းဟာ နေမာအတွက် ငွေသားနဲ့ ကစားသမား (၂)ဦးအထိ အလိုက်ပေးကမ်းလှမ်းသွားဖို့ ရှိတယ်လို့ သိရပြီး ဘာစီလိုနာကို ခြိမ်းခြောက်လိုက်ပြီလည်း ဖြစ်ပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်အသင်းက စတင်ကြိုးစားမှုတွေ ပြုလုပ်ခဲ့ပြီလို့ El Mundo Deportivo သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အီတလီချန်ပီယံအသင်းဟာ နေမာအတွက် ငွေသားနဲ့ ကစားသမား (၂)ဦးအထိ အလိုက်ပေးကမ်းလှမ်းသွားဖို့ရှိတယ်လို့ သိရပြီး ဘာစီလိုနာကို ခြိမ်းခြောက်လိုက်ပြီလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဒီဘာလာ နဲ့ ပြင်သစ်ကွင်းလယ်လူမာတွီဒီတို့ကို အလိုက်ပေးကမ်းလှမ်းသွားဖို့ ဂျူဗင်တပ်စ်က ပြင်ဆင်နေတာဖြစ်ပြီး ငွေကြေးအတိုင်းအတာတစ်ခုကိုလည်း ပေးချေသွားမယ်လို့ သိရပါတယ်။ နေမာအနေနဲ့ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် စိတ်အားထက်သန်နေပေမယ့်လည်း အီတလီမှာ ရော်နယ်ဒိုနဲ့ တွဲဖက်ကစားရမယ့် အခွင့်အရေးလည်း ရှိလာပြီဖြစ်ပါတယ်။
ဂျူဗင်တပ်စ်က အဆိုပါမက်လုံးနဲ့ နေမာကို ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်ပြီး ပြင်သစ်ကလပ်ဘက်ကလည်း သူတို့ရဲ့ကမ်းလှမ်းမှုကို စိတ်တိုင်းကျမယ်လို့မျှော်လင့်နေပါတယ်။ မာတွီဒီဟာ ပီအက်စ်ဂျီကစားသမားဟောင်းဖြစ်ပြီး ဒီဘာလာကိုတော့ ပြင်သစ်ကလပ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတာလို့ ဂျူဗီဘက်က ကမ်းလှမ်းမှုက ပီအက်စ်ဂျီအတွက် စဉ်းစားစရာဖြစ်လာတော့မှာပါ။
ပြီးခဲ့တဲ့တစ်ပတ်အတွင်းကလည်း နေမာရဲ့ဖခင်နဲ့ ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါသေးတယ်။ အဆိုပါသတင်းတွေ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ဂျူဗီက နေမာအတွက် စတင်ကြိုးပမ်းတော့မယ့်သတင်းတွေ ဆက်လက်ထွက်ပေါ်ခဲ့လို့ စောင့်ကြည့်ရမယ့် အပြောင်းအရွှေ့တစ်ခုဖြစ်လာခဲ့ပါတယ်။
ဂျူဗီကတော့ အေဂျက်ဇ်နောက်ခံလူဒီလစ်ကို ပေါင် (၆၇.၈)သန်းနဲ့ ခေါ်ယူထားပြီးနောက် နောက်ထပ်ကစားသမားသစ်တွေ ခေါ်ယူဦးမှာဖြစ်ပါတယ်။ နည်းပြဆာရီကလည်း သူ့အသင်းအတွက် ကစားသမားသစ်တွေ ထပ်မံခေါ်ယူပေးဖို့ကို တောင်းဆိုမှုတွေ ပြုလုပ်ထားပြီး တူရင်မှာ
နေမာ နဲ့ ရော်နယ်ဒိုတိုက်စစ်အတွဲကို တူရင်မှာ မြင်ရတော့မှာလားဆိုတာ ရင်ခုန်စရာဖြစ်လာခဲ့ပါပြီ။