စပို့တင်းကွင်းလယ်ပိုင်းရဲ့ အားအထားရဆုံးကစားသမားကို ရီးရဲလ်မက်ဒရစ်က ဈေးကွက်ပိတ်သိမ်းခါနီးမှာ ရုတ်တရက်ကြိုးပမ်းလာခဲ့တာဖြစ်ပြီး ယူရိုသန်း (၇၀)နဲ့ ခေါ်ယူဖို့ ကြိုးစားလာတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ အဓိကပစ်မှတ်တစ်ခုလို့ ဖော်ပြနေခဲ့ကြတဲ့ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ရီးရဲလ်မက်ဒရစ်အသင်းက ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ ပေါ်တူဂီသတင်းစာ O Jogo က ဖော်ပြသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကိုရောက်ရှိပြီလို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့အထိ ဖြစ်ခဲ့သူဖြစ်ပါတယ်။
စပို့တင်းကွင်းလယ်ပိုင်းရဲ့ အားအထားရဆုံးကစားသမားကို ရီးရဲလ်မက်ဒရစ်က ဈေးကွက်ပိတ်သိမ်းခါနီးမှာ ရုတ်တရက်ကြိုးပမ်းလာခဲ့တာဖြစ်ပြီး ယူရိုသန်း (၇၀)နဲ့ ခေါ်ယူဖို့ ကြိုးစားလာတာဖြစ်ပါတယ်။ တော့တင်ဟမ်ကလည်း ဖာနန်ဒက်စ်အတွက် အားထုတ်မှုတွေပြုလုပ်နေပြီး ရီးရဲလ်က အဆိုပါအသင်းနှစ်သင်းထက် လက်ဦးမှုရယူချင်နေတာဖြစ်ပါတယ်။
ပေါ့ဂ်ဘာ နဲ့ အဲရစ်ဆန်တို့ကို စိတ်ဝင်စားနေခဲ့ပေမယ့်လည်း ခေါ်ယူနိုင်ဖို့အတွက် မလွယ်ကူတဲ့အခြေအနေတွေကြောင့် ရီးရဲလ်ဟာ အေဂျက်ဇ်ကွင်းလယ်လူဗန်ဒီဘိခ် နဲ့ ဖာနန်ဒက်စ်တို့ကို ပြောင်းလဲကြိုးစားလာခဲ့တာဖြစ်ပါတယ်။ မနေ့က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာလည်း ဗန်ဒီဘိခ်အတွက် ရီးရဲလ်က ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါရှိခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ကလော့ပ်ရဲ့ ချီးကျူးမှုကို ရရှိခဲ့သူဖြစ်ပါတယ်။ စပို့တင်းကလည်း သူတို့ကွင်းလယ်လူအတွက် ယူရိုသန်း (၇၀) ရရှိမယ်ဆိုရင် ရောင်းချသွားဖို့ အသင့်ဖြစ်နေပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေခဲ့ပါတယ်။
ဘာနေဗျူးကလပ်ရဲ့ ဆွဲဆောင်မှုက ဖာနန်ဒက်စ်ကို စိတ်ဝင်စားစေဖွယ်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ယူနိုက်တက်အနေနဲ့ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်ထိ ခေါ်ယူနိုင်ခြင်းမရှိသေးတာမို့လည်း အခြားသောအသင်းတွေအတွက် အခွင့်အရေးတစ်ခုအဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်။