လက်ကျန်စာချုပ်သက်တမ်းအတွက် ပေါင် ၁၂သန်းပေးချေသွားရဖို့ ရှိနေပါတယ်။

အသင်းမှာဆက်လက်ကစားချင်နေပေမယ့် နည်းပြရဲ့ပြောဆိုမှုကြောင့် ထွက်ခွာရမှာဖြစ်ပြီး ဆွာရက်ဇ်ဘက်က အသင်းကို ပြန်လည်ပြီး အကျပ်အတည်းတွေ့အောင် ဖန်တီးခဲ့ဖွယ်ရှိတယ်လို့လည်း ယူဆရပါတယ်။ 


အသင်းကနေ ထွက်ခွာရမယ်ဆိုပါက စာချုပ်လျော်ကြေးအဖြစ် ပေါင် ၁၂သန်းအထိ ရရှိပြီးမှသာ ထွက်ခွာဖို့အတွက် ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ်က ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ဆွာရက်ဇ်နဲ့ ဘာစီလိုနာတို့ဟာ စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသေးပြီး လက်ကျန်သက်တမ်းအတွက် ဆွာရက်ဇ်က လျော်ကြေးယူချင်နေတယ်လို့ စပိန်သတင်းများက ဖော်ပြခဲ့ပါတယ်။ 

ဘာစီလိုနာနည်းပြသစ်ရော်နယ်ကိုးမန်းက ဆွာရက်ဇ်ကို အသင်းအတွက်မလိုအပ်တော့ဘူးလို့ ပြောဆိုခဲ့ပြီးနောက် ဥရုဂွေးတိုက်စစ်မှူးဟာ အသင်းသစ်တစ်သင်းရှာဖွေရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဆွာရက်ဇ်ကတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ ရည်ရွယ်ထားပြီး ထွက်ခွာရမယ်ဆိုပါက လျော်ကြေပေးချေစေချင်နေတယ်လို့ နားလည်ထားကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

ဘာစီလိုနာကတော့ ဆွာရက်ဇ်နဲ့စာချုပ်ကို ဖျက်သိမ်းကာ အသင်းကနေအလွတ်ထွက်ခွာသွားစေချင်နေတာဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်က အသင်းမှာဆက်လက်ကစားချင်နေပေမယ့် နည်းပြရဲ့ပြောဆိုမှုကြောင့် ထွက်ခွာရမှာဖြစ်ပြီး ဆွာရက်ဇ်ဘက်က အသင်းကို ပြန်လည်ပြီး အကျပ်အတည်းတွေ့အောင် ဖန်တီးခဲ့ဖွယ်ရှိတယ်လို့လည်း ယူဆရပါတယ်။ 

အသက် ၃၃ နှစ်အရွယ် ဆွာရက်ဇ်ဟာ ဘာစီလိုနာ ၆ နှစ်တာကစားပေးခဲ့ပြီး ဂိုးပေါင်း ၂၀၀ နီးပါး သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ မက်ဆီရဲ့အပြောင်းအရွှေ့အတွက် ခေါင်းမီးတောက်နေရတဲ့ ဘာစီလိုနာကတော့ ဆွာရက်ဇ်အတွက်ပါ ဦးနှောက်ခြောက်နေရပြီဖြစ်ပြီး အသင်းကထွက်ခွာသွားစေဖို့အတွက်ဆိုရင် ပေါင် ၁၂သန်းကို မဖြစ်မနေပေးချေသွားရတော့မှာပဲဖြစ်ပါတယ်။ 



က္က