ပြန်လည်ဝယ်ယူခွင့်သဘောတူညီမှုပါဝင်မယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

ပြန်လည်ဝယ်ယူခွင့်သဘောတူညီချက်ကို ထည့်သွင်းသွားမယ်လို့ သိရပြီး သူတို့ကစားသမားကို အချိန်မရွေးပြန်လည်ခေါ်ယူနိုင်မယ့် အခွင့်အရေးကိုတော့ ဆုပ်ကိုင်ထားဦးမှာဖြစ်တယ်လို့ စပိန်သတင်းစာတွေကလည်း ဖော်ပြခဲ့ပါတယ်။ 


ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့ကစားသမားဆာဂျီယိုရီဂွီလွန်ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းဆီ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဘယ်အစွန်နောက်ခံလူတစ်ဦးဖြစ်တဲ့ ရီဂွီလွန်အတွက် ရီးရဲလ်က အမှန်တကယ်ကမ်းလှမ်းခဲ့တယ်လို့ နာမည်ကျော်သတင်းထောက် Fabrizio Romano က ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဘက်ကလည်း ရီဂွီလွန်နဲ့ ပတ်သက်ပြီး မကြာခင်အချိန်အတွင်း ဆုံးဖြတ်ချက်ချလိမ့်မယ်လို့ သူက ဆက်လက်ရေးသားဖော်ပြခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဆီဗီလာကို အငှားနဲ့သွားရောက်ကစားခဲ့သူဖြစ်ကာ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရတုန်းကလည်း ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။ 

ယူနိုက်တက်အနေနဲ့ လုခ်ရှောမကစားနိုင်ချိန်မှာ ဘယ်ခံစစ်ခြမ်းပြသနာတွေရှိခဲ့ပြီး အဆိုပါပြသနာကိုဖြေရှင်းဖို့အတွက် ဆိုးလ်ရှားက ကစားသမားသစ်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဘရန်ဒန်ဝီလီယမ်ရှိနေပေမယ့် အတွေ့အကြုံနည်းပါးပြီး အရေးကြီးအချိန်တွေမှာ အမှားအယွင်းတွေကျူးလွန်ခဲ့တာကြောင့် စိတ်ချရမှုမရှိဘဲ ဒေါင်ဒေါင်မြည်ကစားနိုင်တဲ့ ကစားသမားက အထူးလိုအပ်နေတာဖြစ်ပါတယ်။ 

ရီးရဲလ်ကလည်း မန်ဒီနဲ့ မာဆယ်လိုတို့လို ကစားသမားတွေရှိနေတာကြောင့် ရီဂွီလွန်ကို ရောင်းချဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရောင်းချတဲ့အခါမှာ ပြန်လည်ဝယ်ယူခွင့်သဘောတူညီချက်ကို ထည့်သွင်းသွားမယ်လို့ သိရပြီး သူတို့ကစားသမားကို အချိန်မရွေးပြန်လည်ခေါ်ယူနိုင်မယ့် အခွင့်အရေးကိုတော့ ဆုပ်ကိုင်ထားဦးမှာဖြစ်တယ်လို့ စပိန်သတင်းစာတွေကလည်း ဖော်ပြခဲ့ပါတယ်။ 


Author


က္က