အူဘာမီယန်းကိုအသင်းမှာမြဲဖို့ လာကာဇက်တီကို ရောင်းချ‌တော့မယ်လို့ သိရပါတယ်။

အူဘာမီယန်းကို လစာတိုးပြီး အသင်းမှာဆက်ထိန်းချင်နေတဲ့ အာဆင်နယ်အတွက် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ လာကာဇက်တီကို အက်သလက်တီကိုအသင်းထံ ပေါင်သန်း ၃၀နဲ့ ရောင်းချမယ်လို့ သတင်းထွက်ပေါ်လာတာပါ။

တစ်ဦး ဂိုးသွင်းတိုင်း နှစ်ဦးပေါင်းပြီး အောင်ပွဲခံလေ့ရှိတဲ့ တိုက်စစ်အတွဲတွေထဲမှာ အူဘာမီယန်းနဲ့လာကာဇက်တီတို့ အတွဲကိုလည်း ပရိသတ်တွေ သတိထားမိကြမှာပါ။



လက်ရှိမှာတော့ သူတို့နှစ်ဦးထဲက တစ်ဦးသာ အသင်းမှာဆက်ရှိဖို့ အခြေအနေဖြစ်လာပြီး အာဆင်နယ်အသင်းအနေနဲ့ ကတော့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းကို စာချုပ်သက်တမ်းတိုးပြီး နည်းပြ အာတီတာ လက်ထက် မှာပုံမှန်ပွဲထွက်ခွင့်နည်းပါးနေတဲ့ လာကာဇက်တီကို ရောင်းချရဖို့ ရှိနေတယ်လို့ Daily Star သတင်းဌာနက သုံးသပ် ဖော်ပြလာပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းကို တစ်ပတ်လုပ်ခ ပေါင် ၂သိန်းခွဲအထိ တိုးပြီး စာချုပ်သက်တမ်းတိုးဖို့ဆိုရင် အက်သလက်တီကိုအသင်းထံ လာကာဇက်တီကို သန်း ၃၀လောက်နဲ့ ရောင်းချဖို့ စီစဥ် နေတယ်လို့ သိရပါတယ်။

လာကာဇက်တီအနေနဲ့ ၂၀၁၇တုန်းက အက်သလက်ကို ရောက်ဖို့ နီးစပ်ခဲ့ပေမယ့်အဲ့ဒီတုန်းက အသင်းက လူခေါ်ခွင့် ပိတ်ခံထားရတာကြောင့် အာဆင်နယ်အသင်းထံ ရောက်ရှိခဲ့တယ်လို့ သိပါတယ်။

အခုနောက်ပိုင်း ကိုဗစ်တားမြစ်ကာလအလွန်‌ ဘောလုံးပွဲတွေ ပြန်အစမှာတော့ လာကာဇက်တီအနေနဲ့ အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရပါတယ်။

ဒါပေမယ့်လည်း လူငယ်တိုက်စစ်မှူးမာတီနယ်လီ ဒဏ်ရာရနေမှုကြောင့် လာကာဇက်တီအသင်းမှာ ဆက်ရှိနေမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ချဲလ်ဆီး တိုက်စစ်မှူး ဝီလီယံကို ခေါ်ယူလိုက်တဲ့သတင်းက ဒီမျှော်လင့်ချက်တွေကို သေဆုံးစေခဲ့ ပါတယ်။

အူဘာမီယန်းအနေနဲ့ လာကာဇက်တီရောက်ပြီး ၆လအကြာမှ အာဆင်နယ်ကို ရောက်ပေမယ့် လိဂ် ၈၅ပွဲမှာ ၅၄ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

လာကာဇက်တီကတော့ ၉၇ပွဲမှာ ၃၇ဂိုးသာ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပြီး စာချုပ်သက်တမ်းလည်း အာဆင်နယ်နဲ့ ၂နှစ် သက်တမ်း ကျန်ရှိနေပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အူဘာမီယန်းကို လစာတိုးပေးပြီး အသင်းမှာဆက်ထိန်းဖို့ဆိုရင်၊နောက်ထပ် ကစားသမား သစ်တွေခေါ်နိုင်ဖို့ဆိုရင် အသင်းမှာရှိတဲ့ ကစားသမားအချို့ကို ရောင်းထုတ်မှသာ ဖြစ်နိုင်ချေရှိနေတာကြောင့်လည်း လာကာဇက်တီ အသင်းပြောင်းရမယ့် အခြေအနေက ပိုမို ပီပြင်နေစေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က