ဗလန်စီယာဥက္ကဌက ဘာစီလိုနာကို ရောက်ရှိနေပါပြီ။
Pyae Phyo Thein

အသင်းပိုင်ရှင်ပီတာလင်း နဲ့ ကစားသမားကိုယ်တိုင်က ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မီးစိမ်းပြခဲ့ပြီးနောက်မှာ ညှိနှိုင်းမှုတွေပြုလုပ်တော့မှာဖြစ်ပါတယ်။


ဗလန်စီယာအသင်းဥက္ကဌအန်နေးလ်မာသီ နဲ့ အေးဂျင့်ဂျော့မန်ဒက်စ်တို့ဟာ ရိုဒရီဂိုရဲ့ အပြောင်းအရွှေ့အတွက် ညှိနှိုင်းဖို့ ဘာစီလိုနာကို ရောက်ရှိနေပြီလို့ စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ အသင်းပိုင်ရှင်ပီတာလင်း နဲ့ ကစားသမားကိုယ်တိုင်က ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မီးစိမ်းပြခဲ့ပြီးနောက်မှာ ညှိနှိုင်းမှုတွေပြုလုပ်တော့မှာဖြစ်ပါတယ်။

တနင်္လာနေ့မှာ ဘာစီလိုနာကို မာသီက ရောက်ရှိခဲ့ပြီး အသေးစိတ်ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ကြဖွယ်ရှိပါတယ်။ အပြောင်းအရွှေ့စျေးကွက်မပိတ်သိမ်းခင် ရက်ပိုင်းအလိုမှာပဲ ရိုဒရီဂိုရဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်နိုင်ဖို့ ဘာစီလိုနာက အားထုတ်နေခဲ့ပြီး လိုအပ်နေတဲ့ တိုက်စစ်မှူါ်တစ်ဦးနေရာကို ဖြည့်တင်းနိုင်တော့မှာလည်း ဖြစ်ပါတယ်။ 

ဒူးဒဏ်ရာခွဲစိတ်ကုသမှုကြောင့် ၄လကြာ အနားယူရမယ့် ဆွာရက်ဇ်နေရာမှာ ရိုဒရီဂိုကို အစားထိုးဖို့ ဘာစီလိုနာက ပစ််မှတ်ထားခဲ့ပါတယ်။ စပိန်တိုက်စစ်မှူးဟာ ဗလန်စီယာအတွက် ခြေစွမ်းပြကစားပေးနေခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာဘက်ကို အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

မက်ဆီတစ်ဦးတည်းအပေါ် မှီခိုနေရပြီး မက်ဆီခြေစွမ်းမပြနိုင်ပါက ဂိုးရဖို့ ရုန်းကန်နေခဲ့ရတဲ့ ဘာစီလိုနာအနေနဲ့ ရိုဒရီဂိုကို အလျင်အမြန်ခေါ်ယူနိုင်ဖို့ အားထုတ်နေခဲ့တာဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့မှာ ဂျော့မန်ဒက်စ်ကိုယ်တိုင် ပါဝင်လာခဲ့ပြီးနောက် သဘောတူညီမှုရရှိဖို့အတွက် မြန်မြန်ဆန်ဆန်ဖြစ်လာခဲ့ပြီး လာမယ့်ရက်အတွင်းမှာ ဆေးစစ်မှုတွေပြုလုပ်သွားဖို့တောင် စီစဉ်နေပြီလို့ Superdeporte သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 


Author


က္က