အလွတ်ခေါ်ယူနိုင်မှာဖြစ်ပါတယ်။
Pyae Phyo Thein

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ဝီလီယံကို ပီအက်စ်ဂျီ နဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း စိတ်ဝင်စားနေပြီး ရီးရဲလ်က ၃ နှစ်စာချုပ်ချုပ်ဆိုဖို့ အသင့်ရှိနေကြောင်းလည်း သိရပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောမတူဖြစ်နေတဲ့ တောင်ပံကစားသမားဝီလီယံကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဝီလီယံရဲ့ အေးဂျင့်ဂျော်ရတ်ချီယန်ကို ယူနိုက်တက်က ဆက်သွယ်နေတာဖြစ်ပြီး ဘရာဇိးလ်ကစားသမားရဲ့စာချုပ်ဟာ ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ 

ချယ်လ်ဆီးအနေနဲ့ လက်ကျန်ပရီးမီးယားလိဂ်ပွဲတွေကို ဆက်လက်ကစားပေးဖို့ ဝီလီယံကို ကာလတိုစာချုပ်ချုပ်ဆိုချင်နေပြီး ကစားသမားကတော့ လက်မှတ်မထိုးချင်ဘူးလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ဝီလီယံကို ပီအက်စ်ဂျီ နဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း စိတ်ဝင်စားနေပြီး ရီးရဲလ်က ၃ နှစ်စာချုပ်ချုပ်ဆိုဖို့ အသင့်ရှိနေကြောင်းလည်း သိရပါတယ်။

အန်သိုနီမာရှယ်၊ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ မာဆွန်ဂရင်းဝုဒ်တို့ကို အထောက်အကူပေးနိုင်ဖို့ ဝီလီယံကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးအခက်အခဲတွေ ရှိလာခဲ့ပြီးနောက်မှာ ယူနိုက်တက်က အလွတ်ခေါ်ယူနိုင်မယ့် ဝီလီယံကို ခေါ်ယူနိုင်ဖို့ ပိုမိုစိတ်ဝင်စားလာခဲ့ပြီး ပြီးခဲ့တဲ့လအတွင်းကလည်း ဝီလီယံက သူရဲ့ချယ်လ်ဆီးကစားသမားဘဝအနာဂတ်ဟာ မရေမရာဖြစ်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။

ချယ်လ်ဆီးက ဝီလီယံကို သက်တမ်းတိုးမြှင့်ဖို့ ကမ်းလှမ်းထားခဲ့ပေမယ့် ကစားသမားဘက်က အလိုရှိတဲ့စာချုပ်သက်တမ်းမဟုတ်တာကြောင့် အခက်တွေ့နေခဲ့ရပါတယ်။ ဒါကြောင့် ဝီလီယံက သူဆန္ဒရှိတဲ့ စာချုပ်မဟုတ်ပါက အသင်းနဲ့စာချုပ်သစ်မချုပ်ဘူးလို့ ယတိပြတ်ပြောဆိုထားပြီး ၃ နှစ်စာချုပ်ချုပ်မှသာ လက်ခံမယ်လို့ ဘရာဇီးလ်သတင်းဌာန Sporte Interativo ကို ပြောဆိုခဲ့ပါတယ်။ 


Author


က္က