loading...

loading...

loading...

ပေါ့ဂ်ဘာအတွက် ပေါင်သန်း ၁၂၀ခန့်မျှော်မှန်းထားတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။
Ye Yint Htay

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာနဲ့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူး လူကာကူတို့ကို နှစ်ယောက်ပေါင်းပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ ရရင် နည်းပြဆိုးလ်ရှားအနေနဲ့ ရောင်းချဖွယ်ရှိနေတယ်လို့ Daily Mail ကဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဓိက ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက အသင်းပြောင်းရွှေ့ဖို့ဆန္ဒရှိနေပြီး လာမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ရီးယဲလ်မက်ဒရစ်ကိုပြောင်းဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ ပေါ့ဂ်ဘာကို အသင်းမှာ ဆက်ထိန်းထားဖို့အတွက် ကြိုးစားမယ်လို့ပြောထားပေမယ့် မြင့်မားတဲ့ပြောင်းရွှေ့ကြေးရရင်တော့ ထုတ်ရောင်းဖွယ်ရှိနေတယ်လို့ Daily Mail ကဖော်ပြထားပါတယ်။

Daily Mail ရဲ့ဖော်ပြချက်အရ ဆိုးလ်ရှားဟာ ကွင်းလယ်ကစားသမားပေါ့ဂ်ဘာနဲ့ တိုက်စစ်မှူး လူကာကူတို့ နှစ်ဦးပေါင်းကို ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀၀ခန့်အလိုရှိနေတယ်လို့လည်း သိရပါတယ်။ နည်းပြ ဆိုးလ်ရှားလက်ထက်မှာ သွင်းဂိုးတွေပြန်လည်ရရှိလာတဲ့ တိုက်စစ်မှူး လူကာကူကို စီးရီးအေ ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ ဂျုဗင်တပ်နဲ့အင်တာမီလန်အသင်းတို့က ချိတ်ဆက်နေတယ်လို့ သတင်းထွက်နေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ ပေါ့ဂ်ဘာရဲ့အပြောင်းအရွှေ့အတွက် ရာသီကုန်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ဆွေးနွေးဖွယ်ရှိနေပြီး ပြောင်းရွှေ့ကြေးပေါင်သန်း ၁၂၀ ခန့်မျှော်မှန်းထားပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဆိုးလ်ရှားအနေနဲ့ကစားသမားနဲ့ ညှိုနှိုင်းဆွေးနွေးပြီး စာချုပ်သက်တမ်းတိုးနိုင်ဖို့ စီစဉ်နေပါတယ်။ လူကာကူကိုတော့ မန်ချက်စတာယူနိုက်တက်အသင်းက ရောင်းထုတ်ဖွယ်ရှိနေပြီး ပြောင်းရွှေ့ကြေးပေါင်သန်း ၇၀ နဲ့အထက်ရနိုင်ရန် မျှော်မှန်းထားတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။


loading...

က္က