တနှစ်လုပ်ခ ယူရို ၁၅ သန်းပေးချေမယ်လို့ ဆိုပါတယ်။

မန်စီးတီးအသင်းဟာ ဂျူဗီတိုက်စစ်မှူးရော်နယ်ဒိုကို ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ Sky Sports က ဖော်ပြလိုက်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ကစားသမားအတွက် မန်စီးတီးက တစ်နှစ်လုပ်ခ ယူရို ၁၅ သန်းအထိ ပေးချေသွားမယ်လို့လည်း သိရပြီး အလွတ်ခေါ်ယူနိုင်ခွင့်ရအောင် ကြိုးစားနေပြီး ဂျူဗီကတော့ ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၂၅ သန်းအထိ အလိုရှိနေကြောင်း ဆိုပါတယ်။ 


ဒါ့အပြင် အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် မန်စီးတီးတိုက်စစ်မှူးဂျီးဆပ်ကို ပြန်လည်အလိုရှိနေပြီး အင်္ဂလန်ကလပ်ဘက်ကလည်း ဂျီးဆပ်ကို ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အသင်းနှစ်သင်းကြားမှာ ညှိနှိုှု်င်းမှုတွေအဆင်မပြေဖြစ်ဖွယ်ရှိနေပြီး ရော်နယ်ဒိုကို အမှန်တကယ်အလိုရှိနေပါက မန်စီးတီးဘက်က အလျှော့ပေးရဖွယ်လည်း ရှိနေပါတယ်။ 


ရော်နယ်ဒိုကလည်း လက်ရှိအချိန်ထိ အသင်းသစ်ပြောင်းရွှေ့ချင်နေတယ်လို့ သိရပြီး သူ့ရဲ့အေးဂျင့်ဂျော့မန်ဒက်စ်က ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ဂျူဗီမှာ တစ်နှစ်လုပ်ခ ယူရို ၃၅ သန်းအထိ ရော်နယ်ဒိုက ရရှိနေပေမယ့်လည်း အသင်းကို တကျော့ပြန်ရောက်လာတဲ့ နည်းပြအယ်လီဂရီက သူ့ကို ဦးစားပေးဖွယ်မရှိတော့တာကြောင့် ပေါ်တူဂီသားဟာ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားလာတာလည်းဖြစ်ပါတယ်။ 


ပြီးခဲ့တဲ့ အူဒီးနီးနဲ့ပွဲမှာ အရန်ကစားသမားအဖြစ်နဲ့သာ ရော်နယ်ဒို ပါဝင်ခွင့်ရခဲ့ပြီးနောက် သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေက ပိုမိုလှုပ်ခတ်လာခဲ့ပါတယ်။ တဖက်မှာလည်း မန်စီးတီးက အသည်းအသန်အလိုရှိနေတဲ့ စပါးတိုက်စစ်မှူးဟယ်ရီကိန်းက အသင်းမှာပဲ ဆက်ရှိနေမယ်လို့ အတည်ပြုခဲ့တာကြောင့် တိုက်စစ်မှူးတစ်ဦးအလိုရှိနေတဲ့ မန်စီးတီးအတွက် ရော်နယ်ဒိုက ဦးစားပေးပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ 


ကစားသမားဘက်က သူ့ရဲ့ဆန္ဒကို အသင်းနဲ့တိုက်ရိုက်တွေ့ဆုံကာ ပြောဆိုထားခြင်းမရှိသေးဘူးလို့လည်း Sky Sports က ဆိုပါတယ်။ ဒါပေမယ့်လည်း အေးဂျင့်ဖြစ်သူက ဆောင်ရွက်ပေးနေတယ်လို့ သတင်းတွေထွက်နေတာကြောင့် သူ့ရဲ့အနာဂတ်က ဘာဖြစ်လာမလဲဆိုတာ လာမယ့် ၅ ရက်အတွင်း အဖြေပေါ်လာတော့မှာဖြစ်ပါတယ်။ 



က္က