ချယ်လ်ဆီးကို နှစ်နှစ်တာဝန်ယူကိုင်တွယ်မယ်လို့ သိရပါတယ်။

ချယ်လ်ဆီးကစားသမားဟောင်း ဖရန့်လမ်းပတ်ဟာ ချယ်ဆီးအသင်းကို နည်းပြအဖြစ်ကိုင်တွယ်ဖို့အတွက် သဘောတူညီမှုရခဲ့ပြီလို့ Metro သတင်းဌာနကဖော်ပြခဲ့ပါတယ်။

 

ချယ်လ်ဆီးအသင်းဟာ လာမယ့်နှစ်ဘောလုံးရာသီအတွက် နည်းပြ ဆာရီနဲ့လမ်းခွဲပြီး နည်းပြသစ်တစ်ဦးရှာဖွေနေသလို ကစားသမားဟောင်းတွေကိုလည်း နည်းပြပြန်ခန့်ဖို့အတွက်ကြိုးပမ်းနေပါတယ်။ ချယ်လ်ဆီးနည်းပြသစ်ရာထူးအတွက် ကွင်းလယ်ကစားသမားဟောင်း ဖရန့်လမ်းပတ်က ရေပန်းအစားဆုံးဖြစ်နေပြီး ဂျုဗင်တပ်အသင်းနဲ့ သတင်းထွက်နေတဲ့ နည်းပြ ဆာရီနေရာကိုအစားထိုးမယ့်သူအဖြစ် အသင်းကလည်း ညှိုနှိုင်းမှုတွေလုပ်နေပါတယ်။ လမ်းပတ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဒါဘီကောင်တီအသင်းကို တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ်တန်းတက် Play-Off ဗိုလ်လုပွဲကစားခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။


လက်ရှိအချိန်မှာတော့ လမ်းပတ်နဲ့ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်တို့အကြားသဘောတူညီမှုရရှိခဲ့ပြီလို့ အင်္ဂလန်မီဒီယာတွေကဖော်ပြလာကြပါတယ်။ Metro ရဲ့ဖော်ပြချက်အရ လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းကို နှစ်ရာသီစာချုပ်နဲ့တာဝန်ယူကိုင်တွယ်မှာဖြစ်ပြီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်ကလည်း နှစ်နှစ်အတွင်း ရာထူးကထုတ်ပယ်ခြင်းမပြူဖူးလို့ အာမခံထားကြောင်းသိရပါတယ်။ ချယ်လ်ဆီးဟာ လမ်းပတ်ခေါ်ယူနိုင်ဖို့အတွက် ဒါဘီကို လျော်ကြေးပေးရမှာဖြစ်ပေမယ့် ဆာရီ ဂျုဗင်တပ်ကိုပြောင်းရင် ရမယ့်ငွေကြေးကို ပြန်လည်အသုံးပြုမယ်လို့သိရပါတယ်။

ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာမယ့် လမ်းပတ်ရင်ဆိုင်ရမယ့် အခက်အခဲကတော့ ချယ်လ်ဆီးဟာ ဖီဖာပြစ်ဒဏ်အရ နှစ်နှစ်လူခေါ်ခွင့်အပိတ်ခံထားရလို့ ကစားသမားသစ်ခေါ်ယူခွင့်မရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့အဓိက,ကစားသမား ဟာဇက် ရီးယဲလ်မက်ဒရစ်ကိုပြောင်းရွှေ့သွားသလို အဓိက,ကစားသမားအချို့လည်းထွက်ခွာဖွယ်ရှိနေတာကြောင့် လူငယ်ကစားသမားတွေကိုသာ အဓိကထားရဖွယ်ရှိနေပါတယ်။ လမ်းပတ်ဟာ နည်းပြဘဝအစကို၂၀၁၈မှာ ဒါဘီအသင်းနဲ့အတူအစပြုခဲ့ပြီး နည်းပြသက်တမ်း တစ်နှစ်သာရှိပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က