လူကာမိုဒရစ်ရဲ့နေရာမှာ ကာလရှည်အစားထိုးချင်နေတာပါ။

ရီးရဲမက်ဒရစ်အသင်းနည်းပြ ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမား ကန်တေကို ယခင်ကတည်းက နှစ်သက်သူဖြစ်ပြီး ကန်တေအတွက် ပထမဆုံးတရားဝင်ကမ်းလှမ်းမှုပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ Express ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ကန်တေကို ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် ချယ်ဆီးအသင်းကို ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူခွင့်ပေးပြီး စည်းရုံးသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကန်တေဟာ လူကာမိုဒရစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ရီးရဲမက်ဒရစ်အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်တယ်လို့ သိရပါတယ်။



El Desmarque ရဲ့ ဖော်ပြချက်အရ ရီးရဲမက်ဒရစ်အသင်းဟာ ချယ်ဆီးကြယ်ပွင့် ကန်တေအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်းနဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်ထိပ်ပိုင်းတာဝန်ရှိသူတွေရဲ့အမြင်မှာ ကန်တေက ကမ္ဘာပေါ်မှာ အကောင်းဆုံးကွင်းလယ်ခံစစ်ကစားသမားဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းကို နောက်ထပ်အဆင့်သစ်တစ်ခုကို ရောက်ရှိအောင် ကူညီပေးနိုင်သူလို့ ရှုမြင်ထားကြတာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းက အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကန်တေရဲ့ ပြောင်းရွှေ့ကြေးကို ကစားသမားတစ်ဦး အလိုက်မပေးဘဲ ပေးချေနိုင်မှာမဟုတ်ဘူးဆိုတာကို သိနေတာကြောင့် ဘာနေဗျူးမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အလိုက်ပေးပြီး အပြောင်းအရွှေ့ဖြစ်မြောက်အောင် အသုံးပြုသွားဖို့ ဖြစ်မြောက်အောင် စီစဉ်နေတာဖြစ်ပါတယ်။



က္က