ခြေစွမ်းမူတည်က ပေါင် ၅သန်း ထပ်တိုးပေးဖို့ သဘောတူညီချက်ပါပါတယ်။

အသက် ၂၅နှစ်အရွယ်ဘယ်လာရင်ကို အာဆင်နယ်က အရောင်းစာရင်းတင်ထားတဲ့ ကစားသမားစာရင်းမှာ မပါ ဝင်လို့ ရောင်းချမလား ငြင်းပယ်မလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပါ။

ပီအက်စ်ဂျီအသင်းဟာ အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူ ဟတ်တာ ဘယ်လာရင်ကို ပေါင် ၂၅သန်းအပြင် ခြေစွမ်းပေါ်မူတည်ကာ နောက်ထပ် ခံစားခွင့် ပေါင်၅သန်းနဲ့ ကမ်းလှမ်းလာတယ်လို့ The Guardian သတင်းဌာန က ဖော်ပြလာပါတယ်။



ပီအက်စ်ဂျီအသင်းအနေနဲ့ အသင်းရဲ့ လူစာရင်းကို တိုးချဲ့ချင်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ်လုံး အာဆင်နယ် အသင်းကို နေ့တိုင်းနီးပါး ဆက်သွယ်နေတယ်လို့လည်း သိရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ကစားသမားအရောင်းစာရင်းမှာ ဘယ်လာရင် မပါဝင်ဘူးဆိုပေမယ့်လည်း အခုလို ဘယ်လာရင်ကို ကမ်းလှမ်းလာချိန်မှာ နှစ်ဦးပေါင် ပေါင် ၄၁သန်း သုံးစွဲခေါ်ထားရတဲ့ ပါဘလိုမာရီနဲ့ဂါဘရီရယ်တို့ အပြင် အလွတ်နဲ့ရရှိထားတဲ့ စီဒရစ်ဆိုရီစ်၊ဝီလီယံတို့အတွက် ပြန်ကာမိအောင် ကစားသမားတစ်ဦးဦးကို ပြန်လည် ရောင်းချဖို့ လိုအပ်နေပါတယ်။


မူလက ဘယ်လာရင်နဲ့ကစားပုံတူနေတဲ့ လူငယ်ကစားသမား မစ်လန်နိုင်းစ်ကို အာဆင်နယ်က ရောင်းချဖို့ စီစဥ်ခဲ့ ရာမှ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် မရောင်းတော့ဖို့ ပြန်လည်စီစဥ်ထားခဲ့တာကြောင့် အလှည့်ကျသူက ဘယ်လာရင်လားဆိုတာကလည်း စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပါ။

ဘယ်လာရင်ကိုတော့ ပီအက်စ်ဂျီနည်းတူ ဂျူဗင်တပ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပြီး ကစားသမားနဲ့ အသင်းကြား စာချုပ်က ၂၀၂၃ခုနှစ်ထိ ချုပ်ဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က