ကစားသမားသစ်ခေါ်ယူဖို့ အာဆင်နယ်က ငွေကြေးရှာဖွေနေတာပါ။
Pyae Phyo Thein

သောမတ်စ်မူနီယာကို ဒေါ့မွန်အသင်းဆီ အလွတ်ထွက်ခွာခွင့်ပေးခဲ့ရတဲ့ ပီအက်စ်ဂျီဟာ လူငယ်ကစားသမားခါယာ နဲ့ ကိုလင်ဒတ်ဘာတို့ကို အသုံးပြုနေရပြီး ညာနောက်ခံလူတစ်ဦး မဖြစ်မနေလိုအပ်နေခဲ့ပါတယ်။


အာဆင်နယ်အသင်းဟာ နောက်ခံလူဟက်တာဘယ်လာရင်ကို ပီအက်စ်ဂျီအသင်းထံ ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ကစားသမားသစ်တွေခေါ်ယူဖို့အတွက် အာဆင်နယ်က ငွေကြေးလိုအပ်နေပြီး ဘယ်လာရင်ကို ခေါ်ယူဖို့အတွက် ပြင်သစ်ကလပ်ကို ကမ်းလှမ်းခဲ့ကာ သူတို့ရဲ့ငွေကြေးအင်အားတောင့်တင်းလာစေဖို့ ရည်ရွယ်နေကြောင်း 90 min က ဖော်ပြခဲ့ပါတယ်။ 

လိုင်လီနောက်ခံလူဂါဘရီယယ်ကို ခေါ်ယူဖို့အတွက် အာဆင်နယ်ဟာ ပေါင် ၂ရသန်းအထိ သုံးစွဲရဖို့ရှိနေပြီး အဆိုပါပမာဏဟာ နည်းပြအာတီတာရရှိမယ့် ဘတ်ဂျက်ပမာဏကို တော်တော်လေးနည်းပါးသွားစေမှာလည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဘယ်လာရင်ကို ရောင်းချပြီး ငွေကြေးရှာဖွေဖို့ အာဆင်နယ်က လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ 

ဂါဘရီယယ်ဟာ အာဆင်နယ်နဲ့ ဆေးစစ်မှုတွေတောင် ပြုလုပ်တော့မှာဖြစ်ပြီး မကြာခင်မှာ ကစားသမားသစ်အဖြစ် ကြေညာတော့မှာလည်းဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ကွင်းလယ်လူဂွမ်ဒူဇီကိုလည်း ရောင်းချဖို့ကြိုးစားနေပြီး RMC Sport ကလည်း အာဆင်နယ်က ဘယ်လာရင်အတွက် ကမ်းလှမ်းခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ကာ ပြင်သစ်ကလပ်ကလည်း စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ 

သောမတ်စ်မူနီယာကို ဒေါ့မွန်အသင်းဆီ အလွတ်ထွက်ခွာခွင့်ပေးခဲ့ရတဲ့ ပီအက်စ်ဂျီဟာ လူငယ်ကစားသမားခါယာ နဲ့ ကိုလင်ဒတ်ဘာတို့ကို အသုံးပြုနေရပြီး ညာနောက်ခံလူတစ်ဦး မဖြစ်မနေလိုအပ်နေခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ခါယာအနေနဲ့ အမှားအယွင်းတွေရှိနေခဲ့တဲ့နောက် ပီအက်စ်ဂျီက ညာနောက်ခံလူခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပြီး ဘယ်လာရင်ကို မကြာခင်မှာ ကမ်းလှမ်းဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ 


Author


က္က