စောင့်ကြည့်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။
Pyae Phyo Thein

ဆန်ချိုကတော့ လက်ရှိအချိန်မှာ လူပြောအများဆုံးနဲ့ စောင့်ကြည့်အခံရဆုံးကစားသမားဖြစ်ကာ ပြီးခဲ့တဲ့ရာသီကတည်းက ဒေါ့မွန်အတွက် ခြေစွမ်းကစားပေးနေခဲ့သူဖြစ်ပါတယ်။ 


ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုကို ခေါ်ယူဖို့ပြိုင်ဆိုင်နေမှုမှာ ချယ်လ်ဆီး၊ ယူနိုက်တက်တို့နဲ့အတူ ရီးရဲလ်မက်ဒရစ်အသင်းလည်း ပါဝင်လာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ပေါင်သန်း ၁၀၀ တန်ကြေးရှိတယ်လို့ သတ်မှတ်ခံထားရတဲ့ ဆန်ချိုကို ယူနိုက်တက်က အလေးထားချိတ်ဆက်မှုတွေပြုလုပ်နေပြီး ချယ်လ်ဆီးကလည်း စိတ်ဝင်စားနေတယ်လို့ ဆိုထားပါတယ်။

အခုအခါမှာတော့ အသက် ၂ဝအရွယ်ကစားသမားကို ရီးရဲလ်မက်ဒရစ်အသင်းကလည်း စိတ်ဝင်စားလာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်ဘက်က ဆန်ချိုအနေနဲ့ လာမယ့်နွေရာသီမှာ အသင်းမပြောင်းရွှေ့ဖြစ်ဖို့အတွက်ကို မျှော်လင့်နေတယ်လို့ AS က ဖော်ပြသွားခဲ့ပါတယ်။ ဒီနေ့ထုတ် AS သတင်းစာရဲ့ မျက်နှာဖုံးမှာ ဆန်ချိုရဲ့သတင်းကို ဖော်ပြခဲ့တာကိုလည်း တွေ့မြင်ရတာဖြစ်ပါတယ်။ 

ဆန်ချိုကတော့ နည်းပြဇီဒန်းရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိဘူးလို့လည်း AS က ရေးသားခဲ့ပါတယ်။ ဆန်ချိုဟာ ဒီရာသီဘွန်ဒက်လီဂါမှာ ဒေါ့မွန်အတွက် ၂၇ ပွဲကစားပေးပြီး ၁၇ ဂိုးသွင်းကာ၊ ၁၇ ကြိမ်ဖန်တီးပေးထားခဲ့ပြီး ပါဒါဘွန်းနဲ့ပွဲမှာ ဟက်ထရစ်ရရှိခဲ့ကာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ 

ရော်နယ်ဒိုထွက်ခွာသွားခဲ့ပြီးနောက် ရီးရဲလ်အသင်းတိုက်စစ်ပိုင်းမှာ အင်အားနည်းပါးသွားခဲ့ပြီး ဟာဇက်၊ လူကာဂျိုဗစ်တို့ကို ခေါ်ယူခဲ့ပေမယ့်လည်း အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဆန်ချိုကတော့ လက်ရှိအချိန်မှာ လူပြောအများဆုံးနဲ့ စောင့်ကြည့်အခံရဆုံးကစားသမားဖြစ်ကာ ပြီးခဲ့တဲ့ရာသီကတည်းက ဒေါ့မွန်အတွက် ခြေစွမ်းကစားပေးနေခဲ့သူဖြစ်ပါတယ်။ 

ဒေါ့မွန်ကတော့ ဆန်ချိုအတွက် အနည်းဆုံးပေါင်သန်း ၁၀၀ ရရှိမှသာ ရောင်းချဖို့အတွက် လက်ခံစဉ်းစားမယ်လို့ အသိပေးထားပြီး အသင်းကနေထွက်ဖို့ ကစားသမားဘက်က တောင်းဆိုခဲ့မယ်ဆိုရင်လည်း ဆုံးဖြတ်ချက်အပေါ်မှာ လေးစားမှုရှိသွားမယ်လို့ ကတိပေးထားပြီးဖြစ်ပါတယ်။ 


Author


က္က