ဒီနွေရာသီမှာ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။
Pyae Phyo Thein

အသက် ၂၃နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမာဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက လက်စတာကို ရောက်ရှိနေခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။ 


လက်စတာစီးတီးအသင်းရဲ့ နောက်ခံလူဘင်ချီဝဲလ်က ချယ်လ်ဆီးအသင်းကိုပြောင်းရွှေ့ခွင့်ပေးဖို့ အသင်းကိုတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၃နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမာဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက လက်စတာကို ရောက်ရှိနေခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။ 



Daily Mirror ရဲ့ ဖော်ပြချက်အရ ကစားသမားက ချယ်လ်ဆီးမှာသာ သူ့အနာဂတ်ကို မြင်ယောင်နေတယ်လို့ သိရပြီး လက်စတာကတော့ သူတို့ကစားသမားကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရတာက လက်စတာအတွက်တော့ စိုးရိမ်ဖွယ်ရာဖြစ်ခဲ့ရပြီး ချီဝဲလ်ကို လက်လွှတ်ရဖို့ရှိလာခဲ့ပါတယ်။ 

လက်စတာအနေနဲ့ မက်ဒီဆန်ကို အသင်းမှာဆက်လက်ရှိနေအောင် ထိန်းသိမ်းထားနိုင်ခဲ့ပြီး ၅ နှစ်စာချုပ်သစ်ချုပ်ဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ချီဝဲလ်ကတော့ အသင်းကနေ ထွက်ခွာချင်နေပြီဖြစ်ပြီး ဘယ်အစွန်နောက်ခံလူတစ်ဦး အလိုရှိနေတဲ့ လမ်းပတ်ရဲ့ ဆန္ဒကတော့ မကြာခင်မှာ ပြည့်ဝလာတော့မှာဖြစ်ပါတယ်။ 

"သူက ကျွန်တော်တို့ မဆုံးရှုံးချင်တဲ့ ကစားသမားတစ်ဦးပါ၊ ဒီအပေါ်မှာ ကျွန်တော်တော်တာ်လေးဖြေလျော့ပေးထားပါတယ်၊ စိတ်မပူမိပါဘူး၊ အသင်းမှာ ကောင်းမွန်တဲ့ လူစာရင်းတစ်ခုရှိနေပြီးတော့ အားလုံးကိုဆက်ပြီးတော့ ထိ်န်းသိမ်းထားမှာပါ၊ ဒါကြောင့် ကျွန်တော်စိတ်မပူမိဘူး၊ ရည်မှန်းချက်မပြည့်ဝတဲ့အတွက် စိတ်ပျက်ခဲ့ရမှာတော့ မှန်ပါတယ်"

"ဒါက ဘင်ချီဝဲလ်ကို ရောင်းချသွားရဖို့ထိတော့ မဖြစ်နိုင်ပါဘူး၊ သူ့ကို ရောင်းသွားဖို့လည်း မလိုအပ်ပါဘူး၊ သူ့ဘက်က တစ်ခုခုကိုကြားချင်တယ်ဆိုရင်တော့ အဲဒီကြားချင်တာက သူ့ကိုရောင်းချဖို့မဟုတ်ဘူးဆိုတာပါပဲ" လို့ ရော်ဂျာက ပြောဆိုသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က