ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ရှိနေခဲ့ပါတယ်။
Pyae Phyo Thein

ယူနိုက်တက်ဘက်က ကမ်းလှမ်းခဲ့တဲ့ပြောင်းရွှေ့ကြေးဟာ ပေါ့ဂ်ဘာကို ဂျူဗင်တပ်စ်ကနေ ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးနဲ့အတူတူပဲဖြစ်ပြီး အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးလို့တောင် ဆိုလို့ရပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုကို ယူရို၉၈သန်းအထိ ပေးချေကာ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရတယ်လို့ သိရပါတယ်။ လာမယ့်ရာသီအတွက် ဆန်ချိုကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားတဲ့ ယူနိုက်တက်ဟာ စျေးကွက်စတင်ဖွင့်လှစ်တာနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီးတော့ ငြင်းဆန်ခံခဲ့ရတာပါ။

ဒေါ့မွန်ဘက်က အဆိုပါပမာဏထက် ပိုမိုများပြားတဲ့ငွေကြေးနဲ့ ယူနိုက်တက်ဘက်က ကမ်းလှမ်းလာဖို့ကို မျှော်လင့်နေတယ်လို့လည်း ဂျာမနီသတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ၃ရာသီအတွင်း ဒေါ့မွန်ရဲ့ အကောင်းဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ 

တောင်ပံတိုက်စစ်ကို ပိုမိုအားဖြည့်ချင်နေတဲ့ ဆိုးလ်ရှားက ဆန်ချိုကို တော်တော်လေးအလိုရှိနေတာဖြစ်ပြီး မြင့်မားတဲ့ပြောင်းရွှေ့ကြေးကို အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဘက်က ကမ်းလှမ်းခဲ့တဲ့ပြောင်းရွှေ့ကြေးဟာ ပေါ့ဂ်ဘာကို ဂျူဗင်တပ်စ်ကနေ ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးနဲ့အတူတူပဲဖြစ်ပြီး အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးလို့တောင် ဆိုလို့ရပါတယ်။

ပြောင်းရွှေ့ကြေးအပြင် အခြားသောအပိုဆုကြေးငွေတွေကိုပါ ထည့်သွင်းမယ်ဆိုပါက ဆန်ချိုရဲ့ တန်ဖိုးဟာ တော်တော်လေးမြင့်တက်သွားမှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မွန်ကတော့ ပေါင်သန်း ၁၂ဝအထိ မျှော်လင့်နေတယ်လို့ သိရပြီး ယူနိုက်တက်ဘက်ကတော့ လာမယ့်စျေးကွက်အတွင်းမှာ ကစားသမားတစ်ဦးအတွက် အဆိုပါပမာဏကို သုံးစွဲဖို့ကိုတော့ လက်တွန့်နေတယ်လို့ သိရပါတယ်။ 


Author


က္က