ဆိုးလ်ရှားရဲ့ အလေးအနက်ထားစိတ်ဝင်စားမှုကို ခံနေရသူပါ။

မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားခြင်းခံနေရတဲ့ ပဲလေ့ခံစစ်ကစားသမား ဝမ်ဘစ်စကာက အသင်းပြောင်းရွှေ့ခွင့်ပေးဖို့အတွက် တောင်းဆိုသွားခဲ့တယ်လို့ သိရပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားခြင်းခံနေရတဲ့ ပဲလေ့ခံစစ်ကစားသမား ဝမ်ဘစ်စကာက အသင်းပြောင်းရွှေ့ခွင့်ပေးဖို့အတွက် တောင်းဆိုသွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဘစ်စကာအတွက် ယူနိုက်တက်က ပေါင်သန်း (၄၀)နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပဲလေ့က ပယ်ချခဲ့တယ်ဆိုတဲ့ သတင်းကို Daily Mail ကဖော်ပြခဲ့ပါတယ်။

အခုအခါမှာ The Sun ရဲ့ ဖော်ပြချက်အရ ဘစ်စကာက သူ့ကို ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခွင့်ပေးဖို့ အသင်းကို တောင်းဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားကလည်း ဘစ်စကာအတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့်ပေးချေကာ ဒုတိယတစ်ကြိမ်ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အန်တိုနီယိုဗလန်စီယာ အသင်းကထွက်ခွာသွားပြီဖြစ်သလို ဒါမီယန်ကိုလည်း ပြန်လည်ရောင်းချသွားဖို့ ယူနိုက်တက်က ပြင်ဆင်နေပြီး ညာအစွန်ခံစစ်နေရာအတွက် ကစားသမားလိုအပ်ချက် မြင့်မားနေလို့ ဆိုးလ်ရှားက ဘစ်စကာကို အလေးအနက်ထား ချဉ်းကပ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပဲလေ့က သူတို့ကစားသမားအတွက် ပေါင်သန်း (၆၀)အထိ အလိုရှိနေလို့ ယူနိုက်တက်အနေနဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေရဖွယ်ရှိနေပါတယ်။

ဘစ်စကာကို ခေါ်ယူဖို့အဆင်မပြေပါက ပီအက်စ်ဂျီညာနောက်ခံလူ မူနီယာကို ခေါ်ယူဖို့ ယူနိုက်တက်က နောက်ထပ်ပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် ဘစ်စကာကိုသာ ဦးစားပေးကြိုးပမ်းနေတာဖြစ်ပါတယ်။ ဘစ်စကာကိုယ်တိုင်ကလည်း အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ The Sun က ရေးသားဖော်ပြခဲ့ပါတယ်။

ပဲလေ့အနေနဲ့ကလည်း ဘစ်စကာကို ရောင်းချပြီးခဲ့ပါက ပြန်လည်အစားထိုးသွားဖို့အတွက် နော်ဝှစ်ချ်နောက်ခံလူ မက်စ်အာရွန်စ်ကို ပေါင် (၁၅)သန်းနဲ့ပြန်လည်ခေါ်ယူသွားမယ်လို့ သိရပါတယ်။ အာရွန်စ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ အကောင်းဆုံးလူငယ်ကစားသမားဆု ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က