အသင်းပြောင်းရွှေ့ချင်တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အင်တာမီလန်က လူကာကူကို ခေါ်ယူဖို့ ကြိုးစားနေပြီး လူကာကူနေရာကို အော်ဘာမီယန်နဲ့ အစားထိုးဖို့ ယူနိုက်တက် စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ထွက်ပေါ်လာခဲ့ပါတယ်။


အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးအော်ဘာမီယန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Tuttosport ရဲ့ ဖော်ပြချက်မှာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်ကူးရှိလားဆိုတဲ့ မေးခွန်းကို အော်ဘာမီယန်က "Yes" လို့ ပြန်လည်အဖြေပေးခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာညနေခင်းသတင်းစာကလည်း ယူနိုက်တက်အနေနဲ့ အော်ဘာမီယန်ကို အံ့အားသင့်ဖွယ်ရာ ခေါ်ယူနိုင်မယ့် အနေအထားမှာ ရှိတယ်လို့ ဖော်ပြခဲ့ပြီး ဗန်ပါစီ၊ အလက်ဆစ်ဆန်းချက်ဇ်တို့ပြီးနောက် အာဆင်နယ်ရဲ့ အဓိကတိုက်စစ်မှူးဟာ ယူနိုက်တက်ကို ပြောင်းရွှေ့တော့မှာလားဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

အင်တာမီလန်က လူကာကူကို ခေါ်ယူဖို့ ကြိုးစားနေပြီး လူကာကူနေရာကို အော်ဘာမီယန်နဲ့ အစားထိုးဖို့ ယူနိုက်တက် စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ထွက်ပေါ်လာခဲ့ပါတယ်။ အော်ဘာမီယန်ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အတွက် သွင်းဂိုး(၂၂)ဂိုးအထိ သွင်းယူပေးပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆာလာ၊ မာနေးတို့နဲ့ ပူးတွဲဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက် (၃၀)အရွယ်ရှိပြီဖြစ်တဲ့ ဂါဘွန်တိုက်စစ်မှူးဟာ အာဆင်နယ်ကို ပေါင် (၅၄)သန်းနဲ့ ဒေါ့မွန်ကနေ ပြောင်းရွှေ့လာခဲ့တာ (၁၈)လသာ ရှိသေးတာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ဒီနွေရာသီဈေးကွက်မှာ အပြောင်းအရွှေ့စရိတ်အဖြစ် ပေါင် (၄၅)သန်းသာ သုံးစွဲခွင့်ရထားပြီး ပိုမိုသုံးစွဲချင်နေတဲ့ အမ်မရီအတွက် အသင်းရဲ့ ကစားသမားတွေကို ပြန်လည်ရောင်းချဖို့လည်း စီစဉ်နေပါတယ်။

အော်ဘာမီယန်ရဲ့ အပြောင်းအရွှေ့ဟာ လူကာကူနဲ့အင်တာမီလန်တို့ရဲ့ အပြောင်းအရွှေ့အပေါ်မှာ မူတည်နေပြီး အင်တာမီလန်က လူကာကူကို ကနဦး (၂)နှစ်အငှားအတွက် ပေါင် (၉)သန်းပေးချေပြီး အပြီးသတ်ဝယ်ယူဖို့အတွက် ပေါင် (၅၄)သန်းကို ၂၀၂၁ခုနှစ်မှာ ပေးချေမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်ဘက်ကတော့ ငြင်းဆိုထားခဲ့ပါတယ်။



က္က