ရော်နယ်ဒိုရဲ့ တာဝန်တွေကို မျှဝေယူခိုင်းဖို့ ဂျူဗီက ကြံရွယ်နေတာပါ။
Pyae Phyo Thein

ရော်နယ်ဒိုအနေနဲ့ ဂျူဗီမှာ အဓိကတိုက်စစ်မှူးအဖြစ် ရပ်တည်နေပြီး ပြီးခဲ့တဲ့ရာသီက ဂျူဗီရဲ့သွင်းဂိုးအများစုဟာ သူ့အပေါ်ကို မှီခိုနေခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး လူကာကူကိုခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထွက်ပေါ်လာခဲ့ပါတယ်။ အင်တာမီလန်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးကို ဂျူဗီကပါ စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ ရော်နယ်ဒိုကလည်း ထောက်ခံခဲ့တယ်လို့ သိရပါတယ်။



The Sun ရဲ့ ဖော်ပြချက်အရ လူကာကူကို ခေါ်ယူဖို့ကြိုးပမ်းမှုကို ရော်နယ်ဒိုက အားပေးခဲ့တယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဂျူဗီမှာ အဓိကတိုက်စစ်မှူးအဖြစ် ရပ်တည်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဂျူဗီရဲ့သွင်းဂိုးအများစုဟာ သူ့အပေါ်ကိုမှီခိုနေခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ဂျူဗီက ရော်နယ်ဒိုရဲ့ ဝန်ကိုလျှော့ချဖို့ ကြိုးစားလာတာဖြစ်ပြီး ရော်နယ်ဒိုကလည်း လက်ခံခဲ့ဖွယ်ရှိပါတယ်။

ပေါင် (၇၅)သန်းရရှိမှာသာ လူကာကူကို ရောင်းချမယ်လို့ ယူနိုက်တက်ဘက်က ဈေးဆိုထားပြီး အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုအများအပြားကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ အင်တာမီလန်က အငှားနဲ့ခေါ်ယူပြီး အပြီးသတ်ခေါ်ယူမယ့်ကမ်းလှမ်းချက်၊ ကစာသမားအလိုက်ပေးကမ်းလှမ်းမှုတွေ၊ အလဲအထပ်ပြုလုပ်မှုတွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အင်္ဂလန်ကလပ်က ငြင်းဆိုသွားခဲ့တာပါ။

လူကာကူကိုယ်တိုင်ကလည်း ရက်ရ်ှဖို့ဒ်ရဲ့နောက်မှာ ဦးစားပေးတိုက်စစ်မှူးအဖြစ်နဲ့ ကစားရမယ့်အပေါ် စိတ်တိုင်းမကျဖြစ်နေပြီး အသင်းကထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။ လက်ရှိမှာတော့ သြစတြေးလျကို ထွက်ခွာသွားခဲ့တဲ့ ရာသီကြိုလူစာရင်းမှာ လူကာကူပါဝင်သွားခဲ့ပြီးတော့ သူ့ရဲ့အနာဂတ်ဟာ အိုးထရက်ဖို့ဒ်မှာပဲ ဆက်လက်ရှိနေမလားဆိုတာ စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ်တိုက်စစ်မှူးဟာ အဲဗာတန်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် (၂)ရာသီအတွင်းမှာ ပြိုင်ပွဲစုံ (၉၆)ပွဲကစားပေးခဲ့ပြီး (၄၂)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်တိုက်စစ်ပိုင်းမှာ မန်ဇူကစ် နဲ့ ဒီဘာလာတို့ ရှိနေပေမယ့် နည်းပြသစ်ဆာရီက တိုက်စစ်ပိုင်းပိုမိုတောင့်တင်းလာစေဖို့ လူကာကူကို အလိုရှိနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က