လက်စတာနဲ့ ၄နှစ်သက်တမ်းတိုးခဲ့ပါတယ်။
Kyaw Ko Ko Sint

ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ မက်လုံးပေးနိုင်ခဲ့တာတောင် လက်စတာနဲ့သာ တစ်ပတ် ပေါင်တစ်သိန်း နဲ့ ၄နှစ်သက်တမ်းတိုးခဲ့တာပါ။

လက်စတာအသင်းဟာ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်မက်ဒီဆင်ကို ၄နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ တရားတင် ကြေညာလာပါတယ်။

တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းရမယ်လို့သိရပြီး ဒါဟာ ယူနိုက်တက်ရဲ့ ခေါ်ယူဖို့ မျှော်လင့်ချက်ကို အဆုံးသတ် ပေးလိုက်တာနဲ့ အတူတူပါပဲ။

မက်ဒီဆင်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လက်စတာအတွက် ၉ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဒါဟာ စာချုပ်သစ်အတွက် လစာ တစ်ဝက်ပိုများလာစေဖို့ အချက်ပေးသံဖြစ်ခဲ့သလို ယူနိုက်တက်ရဲ့ စိတ်ဝင်စား ခြင်းလည်း ခံခဲ့ရပါတယ်။

ယူနိုက်တက်က မက်ဒီဆင်ကို ကာလကြာမြင့်စွာ စိတ်ဝင်စားခဲ့ပြီး လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ စွဲ ဆောင်ခဲ့ပေမယ့်လည်း မက်ဒီဆင်ကတော့ အရှေ့အလယ်ပိုင်းကျွန်းအတွက်သာ ရွေးချယ်ခဲ့တာပါ။

“လက်စတာ ကစားသမားဖြစ်ရတာ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။အသင်းမှာလည်း စာချုပ်သစ် ချုပ်ဆိုနိုင်လို့ ပျော်ပါတယ်။ကွင်းတွင်းသာမက ကွင်းပြင်ပမှာပါ ပျော်ရွှင်စရာတွေရပါတယ်။ဒီနှစ်မှာ ကျွန်တော် တို့ ဘာတွေပဲရခဲ့ရခဲ့ ဒါဟာ လာမယ့်နှစ်အတွက် ပိုကောင်းလာစေမယ့် လက္ခဏာပါပဲ။လက်စတာကိုရောက် ကတည်းက အရမ်းပျော်ရွှင်ရပါတယ်။”လို့ မက်ဒီဆင်က လက်စတာအသင်း ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့ပါ တယ်။

မက်ဒီဆင်ကတော့ ၂၀၁၈-၁၉ဘောလုံးရာသီက လက်စတာကို ရောက်ခဲ့ပြီး ပထမဆုံးပွဲအဖြစ် ယူနိုက်တက်နဲ့ စတင်ကစားခဲ့ရသူပါ။

ကလပ်အသင်းအတွက် ၇၆ပွဲ ကစားကာ ဂိုးပေါင်း ၁၆ဂိုးသွင်းပေးထားပြီး ဖြစ်သလို အင်္ဂလန်လက်ရွေးစင် အသင်းအတွက်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာက ကစားခဲ့တဲ့ မွန်တီနီဂရိုးအသင်းနဲ့ပွဲမှာ ပထမဆုံး ပါဝင်ထားနိုင်ပါ တယ်။


Author


က္က