ကလပ်အသင်းတချို့နဲ့ဆွေးနွေးမှုတွေရှိတယ်လို့ ဝန်ခံလိုက်တာပါ။
Pyae Phyo Thein

အူပါမီကာနိုကို ခေါ်ယူဖို့ ဥရောပရဲ့ထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားနေပြီး ယူနိုက်တက်၊ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်တို့လည်း ပါဝင်နေတာဖြစ်ပါတယ်။


လိုက်ဇစ်အသင်းရဲ့ နောက်ခံလူအူပါမီကာနိုက အသင်းနဲ့စာချုပ်သက်တမ်းတိုးထားပေမယ့်လည်း အခြားသောအသင်းတွေနဲ့ ဆွေးနွေးမှုတွေရှိနေတယ်လို့ ဝန်ခံပြောဆိုလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၁နှစ်အွယ် နောက်ခံလူဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရသူဖြစ်ပြီး လူငယ်ကစားသမားတွေထဲမှာ ထင်ရှားနေသူဖြစ်ပါတယ်။

အူပါမီကာနိုကို ခေါ်ယူဖို့ ဥရောပရဲ့ထိပ်တန်းအသင်းကြီးတွေက စိ်တ်ဝင်စားနေပြီး ယူနိုက်တက်၊ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်တို့လည်း ပါဝင်နေတာဖြစ်ပါတယ်။ ပြင်သစ်နောက်ခံလူဟာ လိုက်ဇစ်နဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ခုပ်ဆိုထားတာဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ 

စနေနေ့မှာ ဆွီဒင်နဲ့ကစားရမယ့် နေးရှင်းလိဂ်ပွဲမတိုင်ခင် အူပါမီကာနိုက "လိုက်ဇစ်နဲ့ ကျွန်တော် သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားပါတယ်၊ ကျွန်တော့်ကို အသင်းအများအပြားက ပစ်မှတ်ထားနေကြပြီး ကလပ်အသင်းတချို့နဲ့ ကျွန်တော်စကားပြောဆိုနေပါတယ်၊ ဒါပေမယ့် ဆွေးနွေးဖို့အချိန်ရှိပါတယ်၊ အနာဂတ်က ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရက်အတွင်းကပဲ ယူနိုက်တက်နညး်ပြဆိုးလ်ရှားက အူပါမီကာနိုကိုခေါ်ယူပေးဖို့ အသင်းကိုတောင်းဆိုခဲ့ပြီး ကြိုးစားမှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ အဆိုပါသတင်းတွေထွက်ခဲ့အပြီးမှာ ကစားသမားဘက်က အခုလိုပြောဆိုခဲ့တာဖြစ်လို့ ယူနိုက်တက်က အမှန်တကယ်ကြိုးစားနေပြီလို့ ယုံကြည်စရာဖြစ်လာခဲ့ပါတယ်။ 


လိုက်ဇစ်ဟာ သူတို့ရဲ့အဓိကတိုက်စစ်မှူးတီမိုဗာနာကို ချယ်လ်ဆီးအသင်းဆီရောင်းထုတ်ထားတဲ့ အသင်းဖြစ်ပြီး အခုအခါမှာလည်း အဓိကနောက်ခံလူတစ်ဦးကို လက်လွှတ်ရဖွယ်ရှိနေပြီဖြစ်ပါတယ်။ 


Author


က္က