ပြောင်းရွှေ့ကြေး ပေါင်၂၁သန်း ပေးချေခဲ့ရပါတယ်။
Pyae Phyo Thein

အသက် ၁၇ နှစ်ပြည့်ပြီးခါစပဲရှိသေးတဲ့ ဘီလင်ဟမ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိဖို့ရေပန်းစားခဲ့ပေယ့်လည်း ဒေါ့မွန်က အသာစီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။


ဘာမင်ဂမ်လူငယ်ကြယ်ပွင့်ဘီလင်ဟမ်ဟာ ဒေါ့မွန်အသင်းနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုသွားဖို့အတွက် အလုံးစုံသဘောတူညီမှုရရှိသွားခဲ့ပြီလို့ သိရပါတယ်။ ပြောင်းရွှေ့ကြေးပေါင် ၂၁သန်း နဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ကာ အင်္ဂလန်လူငယ်ကြယ်ပွင့်ဟာ ဆန်ချိုရဲ့လမ်းစဉ်ကို ထပ်ချပ်မကွာနင်းနိုင်မလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

အသက် ၁၇ နှစ်ပြည့်ပြီးခါစပဲရှိသေးတဲ့ ဘီလင်ဟမ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိဖို့ရေပန်းစားခဲ့ပေယ့်လည်း ဒေါ့မွန်က အသာစီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်ချိုရဲ့ ဒေါ့မွန်မှာ အောင်မြင်မှုတွေက ဘီလင်ဟမ်ကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်နဲ့ သူ့ရဲ့ဖခင်က ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆန္ဒနည်းပါးခဲ့ပါတယ်။ 

မနေ့က ညနေပိုင်းမှာ ဒေါ့မွန်နဲ့ ဘာမင်ဂမ်တို့က ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ဟာလန်းတုန်းကလည်း ဒေါ့မွန်ကို အရှုံးပေးခဲ့ရသလို ဘီလင်ဟမ်အတွက် ကြိုးစားမှုမှာလည်း ထပ်မံအရေးနိမ့််ခဲ့လို့ လူငယ်ကစားသမားတွေအပေါ် သူတို့အသင်းရဲ့ ဆွဲဆောင်နိုင်စွမ်းက လျော့နည်းလာပြီလားလို့ ထင်စရာဖြစ်ခဲ့ရပါတယ်။ 

ဘီလင်ဟမ်ဟာ ဘာမင်ဂမ်မှာ တစ်ပတ်လုပ်ခပေါင်တစ်သောင်းခွဲသာရရှိနေတာဖြစ်ပေမယ့် ဒေါ့မွန်မှာတော့ ပေါင်ခြောက်သောင်းအထိ တိုးမြှင့်ရရှိသွားမှာဖြစ်ပါတယ်။ ဘာမင်ဂမ်ကတော့ လက်ကျန်ရာသီပြီးဆုံးမှသာ ဘီလင်ဟမ်ကို ပြောင်းရွှေ့သွားစေမယ်လို့သိရပြီး ဒေါ့မွန်နဲ့ ပူးပေါင်းဖို့တော့ အနည်းငယ်နှောင့်နှေးနေဦးမှာဖြစ်ပါတယ်။ 


Author


က္က