လိုက်ဇစ်နဲ့ပွဲမှာ အရန်ခုံထိုင်နေခဲ့ရတာဖြစ်ပါတယ်။
Pyae Phyo Thein

ဂျာမနီသတင်းထောက်တစ်ဦးဖြစ်တဲ့ Heiko Wasser ရဲ့ ပြောဆိုမှုကို ကိုးကားပြီး ဥရောပမီဒီယာအများအပြားကလည်း ဒီသတင်းကို ဖော်ပြနေကြပြီဖြစ်ပါတယ်။


လိုက်ဇစ်နဲ့ ကစားခဲ့တဲ့ပွဲမှာ အရန်ခုံမှာပဲ ရှိနေခဲ့ပြီးနောက် ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေပြီလို့ သိရပါတယ်။ ဂျာမနီသတင်းထောက်တစ်ဦးဖြစ်တဲ့ Heiko Wasser ရဲ့ ပြောဆိုမှုကို ကိုးကားပြီး ဥရောပမီဒီယာအများအပြားကလည်း ဒီသတင်းကို ဖော်ပြနေကြပြီဖြစ်ပါတယ်။ 

ဒုတိယနေရာအတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့ လိုက်ဇစ်နဲ့ ရင်ဆိုင်ရချိန်မှာ ဒေါ့မွန်နည်းပြဖာဗရီက အဓိကကစားသမားဖြစ်တဲ့ ဆန်ချိုကို အရန်ခုံမှာပဲ ထားရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်မှူးဟာလန်းရဲ့ သွင်းဂိုးနှစ်ဂိုးကြောင့် အဝေးကွင်းမှာ ဒေါ့မွန်တို့ နိုင်ပွဲရရှိခဲ့ပြီး ဘိုင်ယန်နောက် ဒုတိယနေရာကို ရယူနိုင်ဖို့ သေချာသလောက်ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ 

Heiko Wasser ဟာ ဒေါ့မွန်ပရိသတ်တစ်ဦးဖြစ်တယ်လို့ သိရပြီး ဆန်ချိုကို ယူနိုက်တက်ဆီမပြောင်းရွှေ့ဖို့အတွက် မျှော်လင့်မိကြောင်းကိုလည်း သူ့ရဲ့တွစ်တာကတဆင့် ထုတ်ဖော်ရေးသားခဲ့ပါသေးတယ်။ ဆန်ချိုဟာ ဘွန်ဒက်လီဂါပွဲတွေပြန်လည်စတင်ချိန်မှာလည်း ၃ပွဲဆက်တိုက် အရန်ခုံမှာသာရှိနေခဲ့ပြီးတော့ ဖာဗရီကတော့ ပေါင်ခြံဒဏ်ရာရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ဒီရာသီမှာ ဒေါ့မွန်အတွက် ဆန်ချိုက ပြိုင်ပွဲစုံသွင်းဂိုး ၂ဝအထိ သွင်းယူပေးထားခဲ့ပြီး ဂိုးဖန်တီးမှုအများအပြားလည်း ပြုလုပ်ပေးထားခဲ့ပါတယ်။ ဒေါ့မွန်အတွက် အားကိုးရတဲ့ ကစားသမားတစ်ဦးအဖြစ် ဆန်ချိုက ရပ်တည်နေခဲ့ပြီးနောက် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေက သူ့ကိုစိတ်ဝင်စားနေခဲ့ပြီး ဒေါ့မွန်ကတော့ အနည်းဆုံးပေါင်သန်း ၁၀၀ ရရှိမှာသာ ရောင်းချမယ်လို့ တုံ့ပြန်ထားခဲ့ပါတယ်။ 


Author


က္က