လာမယ့်ရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။
Pyae Phyo Thein

ဆော်ဒီသူဌေးတွေရဲ့ ပိုင်ဆိုင်မှုအောက်ကို ရောက်ရှိဖို့ နီးစပ်နေတဲ့ နယူးကာဆယ်က စမောလင်းကို လာမယ့်ရာသီအတွက် ဝယ်ယူဖို့စိတ်ဝင်စားလာလို့ ရိုးမားအတွက်တော့ ပြိုင်ဘက်ကောင်းတစ်သင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။


နယူးကာဆယ်ယူနိုက်တက်အသင်းဟာ ရိုးမားအသင်းမှာ အငှားနဲ့သွားကစားနေတဲ့ ယူနိုက်တက်နောက်ခံလူစမောလင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း 90 min က ဖော်ပြသွားခဲ့ပါတယ်။ စမောလင်းကတော့ ရိုးမားမှာ ခြေစွမ်းပြကစားနေသူဖြစ်ပြီး ရောမကလပ်ကလည်း အပြီးသတ်ဝယ်ယူဖို့အတွက် ဆန္ဒရှိနေပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန်နောက်ခံလူဟာ ရာသီကုန်မှာ ယူနို်က်တက်ကို ပြန်လာရမှာဖြစ်ပြီး ရိုးမားကတော့ ဘယ်နည်းနဲ့မဆို အရခေါ်ယူသွားဖို့ကို ပြင်ဆင်နေတယ်လို့သိရပါတယ်။ ဒါပေမယ့် ဆော်ဒီသူဌေးတွေရဲ့ ပိုင်ဆိုင်မှုအောက်ကို ရောက်ရှိဖို့ နီးစပ်နေတဲ့ နယူးကာဆယ်က စမောလင်းကို လာမယ့်ရာသီအတွက် ဝယ်ယူဖို့စိတ်ဝင်စားလာလို့ ရိုးမားအတွက်တော့ ပြိုင်ဘက်ကောင်းတစ်သင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

စမောလင်းရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၂၅သန်းခန့်ရှိမယ်လို့ ယုံကြည်ရပြီး ယူနိုက်တက်ကလည်း အပြီးသတ်ရောင်းချသွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ စမောလင်းဟာ ရိုးမားအတွက် ယူရိုပါလိဂ်ငါးပွဲ၊ စီးရီးအေ ၂၁ပွဲအထိ ကစားပေးထားပြီး ၂ ဂိုးသွင်းနိုင်ခဲ့ကာ အဓိကနောက်ခံလူအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ 

ရိုးမားကတော့ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ မျှော်လင့်ချက်ရှိနေသေးပြီး အဆင့် ၄နေရာက အတ္တလန္တာထက်တစ်ပွဲပိုကစားထားကာ ၃မှတ်လျော့နဲ့ အဆင့်ငါးနေရာမှာ ရှိနေခဲ့ပါတယ်။ စမောလင်းရဲ့ ခြေစွမ်းကို ရိုးမားနည်းပြဖွန်ဆီကာကလည်း သဘောကျနေပြီး အသင်းမှာဆက်ရှိနေလို့ ဘယ်လိုနည်းလမ်းပဲသုံးရသုံးရ လုပ်ဆောင်သွားမယ်လို့ ဖွင့်ဟထားပါတယ်။ 

နယူးကာဆယ်ကတော့ ပိုင်ရှင်သစ်အပြောင်းအလဲဖြစ်လာခဲ့မယ်ဆိုရင် နာမည်ကျော်ကစားသမားတွေကို ခေါ်ယူမယ်လို့ သတင်းကြီးနေတာဖြစ်ပါတယ်။ နယူးကာဆယ်ရဲ့ ပစ်မှတ်တွေထဲမှာ ကာဗာနီ၊ မာတင်စ်တို့လို နာမည်ကျော်ကစားသမားတွေပါ ပါဝင်နေပြီးတော့ အခုအခါ စမောလင်းပါ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က