ပုံမှန်ကစားခွင့်ရဖို့ အခက်တွေ့နေသူလည်းဖြစ်ပါတယ်။
Pyae Phyo Thein

ဖီနာဘာချီကတော့ အရင်ကလည်း ယူနိုက်တက်တိုက်စစ်မှူးဗန်ပါစီ၊ နာနီတို့ကို ခေါ်ယူခဲ့ဖူးတဲ့အသင်းဖြစ်ပြီး ဆက်ဆံရေးကောင်းတွေကို ပိုင်ဆိုင်ထားတာကြောင့် မာတာကို ခေါ်ယူနိုင်ဖို့အတွက်လည်း ဖြစ်နို်င်ချေရှိနေပါတယ်။


ဒီနွေရာသီမှာ ယူနိုက်တက်ကို စွန့်ခွာဖို့အတွက် ဟွမ်မာတာက စဉ်းစားနေပြီလို့ သိရပြီး သူ့ကိုခေါ်ယူဖို့အတွက် တူရကီထိပ်သီးကလပ်ဖီနာဘာချီက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ တူရကီသတင်းဌာနတစ်ခုဖြစ်တဲ့ Sansursuz Futbol က ဖော်ပြခဲ့တာဖြစ်ပြီး မာတာဟာ ထွက်ခွာဖို့အနီးစပ်ဆုံးဖြစ်နေပြီလို့ ရေးသားခဲ့ပါတယ်။

အသက် ၃၂နှစ်အရွယ် စပိန်ကွင်းလယ်လူဟာ ယူနိုက်တက်မှာ အရန်ကစားသမားအဖြစ်နဲ့သာ ကစားနေရသူဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရောက်ရှိလာပြီးနောက်မှာ မာတာအတွက် နေရာပျောက်ဆုံးခဲ့တာဖြစ်ပြီးတော့ ၂ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ကျန်ပွဲတွေမှာတော့ လူစားဝင်ကစားသမားအဖြစ်နဲ့သာ ရှိနေခဲ့ပါတယ်။

ဗလန်စီယာနဲ့ ချယ်လ်ဆီးကစားသမားဟောင်းဟာ ယူနိုက်တက်အတွက် ဒီရာသီမှာ ပွဲပေါင်း ၂ဝသာ ပွဲထွက်ခဲ့ရပြီးတော့ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့ ပုံစံကောင်းပြသနေတာက သူ့ကိုအရန်ခုံမှာသာ ရှိနေစေခဲ့တာဖြစ်ပါတယ်။ မာတာနဲ့ ယူနိုက်တက်တို့ဟာ ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီးတော့ နောက်ထပ်တစ်နှစ်စာချုပ်သက်တမ်းတိုးခွင့်ရှိတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ၂၅၂ ပွဲအထိ မာတာက ကစားပေးထားပြီး ၄၈ဂိုးသွင်းယူကာ ၄၂ ကြိမ်အထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဖီနာဘာချီကတော့ အရင်ကလည်း ယူနိုက်တက်တိုက်စစ်မှူးဗန်ပါစီ၊ နာနီတို့ကို ခေါ်ယူခဲ့ဖူးတဲ့အသင်းဖြစ်ပြီး ဆက်ဆံရေးကောင်းတွေကို ပိုင်ဆိုင်ထားတာကြောင့် မာတာကို ခေါ်ယူနိုင်ဖို့အတွက်လည်း ဖြစ်နို်င်ချေရှိနေပါတယ်။


Author


က္က