ပေါင် ၂၂သန်းနဲ့ သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။
Kyaw Ko Ko Sint

ဝီလီယံကို ခေါ်ယူပြီးနောက် မာဂယ်ဟေးလ်ကို အာဆင်နယ်အသင်း ပေါင် ၂၂သန်းနဲ့ ဆက်လက် ခေါ်ယူနိုင် တော့မှာ ဖြစ်ပါတယ်။

လိုင်လီနောက်ခံလူ ဂါဘရီရယ် မာဂယ်‌ဟေးလ်ကို အာဆင်နယ်၊ယူနိုက်တက်နဲ့ နာပိုလီတို့ အပြိုင်လုနေကြရာမှာ အာဆင်နယ်အသင်းက ပေါင် ၂၂သန်းနဲ့ ခေါ်ယူနိုင်ဖို့ သေချာသွားပြီလို့ Daily Mail သတင်းဌာနက ဖော်ပြလာပါ တယ်။

အဆိုပါ ဘရာဇီး ဗဟိုနောက်ခံလူဟာ အာဆင်နယ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပြီး မနှစ်က လိုင်လီအ သင်းကို အဆင့် ၄နေရာရရှိအောင် စွမ်းဆောင်ပေးခဲ့သူပါ။

အာဆင်နယ်အသင်းအတွက်တော့ အဆင့် ၈နေရာနဲ့ ရာသီသိမ်းခဲ့ပြီး ပေးဂိုး ၄၈ဂိုးအထိ ခွင့်ပြုခဲ့ရတဲ့ ခံစစ်ကို မာဂယ်ဟေးလ်က အကောင်းဆုံး ဖာထေးပေးနိုင်မယ်လို့ ယုံကြည်ထားပုံ ရပါတယ်။

မာဂယ်ဟေးလ်ကို အာဆင်နယ်အသင်း ခေါ်ယူနိုင်ခြင်းရဲ့ နောက်ကွယ်မှာ ကနဦး လိုင်လီ တိုက်စစ်မှူး ပီပီနဲ့ ဆက် ဆံရေးကလည်း အရေးပါနိုင်တယယ်လို့ သုံးသပ်နေကြပါတယ်။

အာဆင်နယ်အသင်းနဲ့အတူ ယူနိုက်တက်နဲ့ နာပိုလီတို့ကလည်း အပြိုင် စိတ်ဝင်စားခဲ့တဲ့ မာဂယ်ဟေးလ်ဟာ ချန်ပီ ယံလိဂ်အတွေ့အကြုံလည်း ရှိသူပါ။

အာဆင်နယ်အသင်းအတွက်တော့ လက်ရှိမှာ ချဲလ်ဆီးအသင်းက တိုက်စစ်မှူး ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ ရရှိပြီးနောက် ဒုတိယမြောက် ကစားသမားခေါ်ယူနိုင်မှု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က