ရက်ပိုင်းအတွင်း အပြောင်းအရွှေ့အပြီးသတ်မယ်လို့ သိရပါတယ်။
Pyae Phyo Thein

ဆန်ချိုရဲ့ အပြောင်းအရွှေ့သတင်းတွေဟာ မနေ့ညနေပိုင်းလောက်ကစပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီး နာမည်ကျော်သတင်းဌာနတွေနဲ့ သတင်းထောက်တွေကိုယ်တိုင်က စိတ်ဝင်တစားဖော်ပြနေခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆန်ချိုတို့ဟာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ခဲ့ပြီလို့ Sky Germany က ဖော်ပြသွားခဲ့ပါတယ်။ ဆန်ချိုရဲ့ အပြောင်းအရွှေ့သတင်းတွေဟာ မနေ့ညနေပိုင်းလောက်ကစပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီး နာမည်ကျော်သတင်းဌာနတွေနဲ့ သတင်းထောက်တွေကိုယ်တိုင်က စိတ်ဝင်တစားဖော်ပြနေခဲ့ကြပါတယ်။

နောက်ဆုံးသိရတဲ့ အနေအထားတွေအရဆိုရင်တော့ ကစားသမားနဲ့ ကလပ်အသင်းကြားမှာ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးအတွက် ကလပ်အသင်းနှစ်သင်း ညှိနှိုင်းဖို့သာကျန်တော့တယ်လို့ ဆိုပါတယ်။ ဆန်ချိုအတွက် ယူနိုက်တက်က ပေါင် ၁၀၈သန်းပေးချေမှာ ဖြစ်ပြီး ၃ နှစ်ကြာ အရစ်ကျခွဲဝေပေးဖို့ ကမ်းလှမ်းထားပြီး ဒေ့ါမွန်ကလည်း အဆိုပါကမ်းလှမ်းမှုကို သဘောတူဖွယ်ရှိတယ်လို့ သိရပါတယ်။

ဆန်ချိုကတော့ မနေ့က ပြန်လည်စတင်ခဲ့တဲ့ ဒေါ့မွန်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။ အသစ်ခေါ်ယူထားတဲ့ ဘီလင်ဟမ်နဲ့အတူ ဆန်ချို၊ ဟာလန်းတို့ကို လေ့ကျင့်ကွင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ တွေ့မြင်ခဲ့ရပြီး အခြားတစ်ဖက်မှာတော့ သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေက အဆက်မပြတ်ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ 

လာမယ့်ရက်ပိုင်းအတွင်းမှာ ဒီအပြောင်းအရွှေ့က အပြီးသတ်တော့မယ်လို့ ဖော်ပြမှုတွေလည်း ရှိနေပြီး ယူနိုက်တက်အသင်းရဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ အပြီးသတ်သဘောတူညီမှုရရှိဖွယ်ရှိတယ်လို့ သိရပါတယ်။ ကလပ်အသင်းနှစ်သင်းစလုံးက ရာသီသစ်မစခင်မှာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အလိုရှိနေပြီးတော့ အမြန်ဆုံးအကောင်အထည်ဖော်သွားမယ်လို့လည်း သိရပါတယ်။ 


Author


က္က