ပြုပြင်ဖန်တီးထားတယ်လို့လည်း ပြောဆိုနေကြပါတယ်။
Pyae Phyo Thein

ကြာသပတေးနေ့ကတော့ လူမှုကွန်ယက်တွေပေါ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်အကျီဝတ်ဆင်ထားတဲ့ ပုံတွေက ပြန့်နှံ့လာခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိဖို့နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်နေချိန်မှာပဲ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အကျီဝတ်ဆင်ပြီး အင်တာဗျူးပြုလုပ်နေတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ မနေ့ကကစားခဲ့တဲ့ ဘင်ဖီကာနဲ့ပွဲမှာ စပို့တင်းအတွက်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ဒီနေ့မှာ အင်္ဂလန်ကိုရောက်ရှိလာပြီး ယူနိုက်တက်နဲ့အပြောင်းအရွှေ့ကို အပြီးသတ်မယ်လို့ မျှော်လင့်ရကြောင်း football.london က ဖော်ပြခဲ့ပါတယ်။ 

Sky Sports ကလည်း ဒီအပြောင်းအရွှေ့က ဒီနေ့မှာပဲ ပြီးမြောက်ဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကြာသပတေးနေ့ကတော့ လူမှုကွန်ယက်တွေပေါ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်အကျီဝတ်ဆင်ထားတဲ့ ပုံတွေက ပြန့်နှံ့လာခဲ့ပါတယ်။ မန်ချက်စတာညနေခင်းသတင်းစာက စတင်ဖော်ပြခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ကို အတည်ပြုမကြေညာခင်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးဖြစ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ 

ဒါပေမယ့် အဆိုပါဓာတ်ပုံဟာ ဆွမ်ဆီးကနေ ဒန်နီရယ်ဂျိမ်းစ်ပြောင်းရွှေ့လာချိန်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးပုံရိပ်ကို ပြန်လည်တုပပြီး ဖန်တီးထားတယ်လို့လည်း ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ဒန်နီရယ်ဂျိမ်းစ်ရဲ့ ဓာတ်ပုံနဲ့ ဖာနန်ဒက်စ်တို့ရဲ့ ဓာတ်ပုံကို နှိုင်းယှဉ်ဖော်ပြထားမှုလည်း ထွက်ပေါ်လာခဲ့ပြီး သေသေသပ်သပ်နဲ့ ဖန်တီးထားမှုတစ်ခုသာဖြစ်တယ်လို့ ပရိသတ်တချို့က ယူဆပြောဆိုခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ အသင်းနှစ်သင်းကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး သဘောတူညီမှုရရှိဖို့ အနီးစပ်ဆုံးဖြစ်နေပြီဆိုတဲ့ သတင်းတွေက ခိုင်ခိုင်မာမာနဲ့ ရှိနေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကလည်း ဖာနန်ဒက်စ်ရောက်ရှိလာဖို့ကို မျှော်လင့်နေကြပြီး ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် ပေါ်တူဂီကွင်းလယ်လူရောက်ရှိလာမှုက အကျိုးသက်ရောက်လိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။ 


Author


က္က