ဇာဟာကို မူလက ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ယခုအခါ ပေါင် ၆၅ သန်းနဲ့အတူ နယ်လ်ဆင်ကိုပါ အငှားစာချုပ်နဲ့ အလိုက်ပေးခဲ့ပေမယ့် ပဲလေ့စ်အသင်းက ဒုတိယအကြိမ် ထပ်မံ ပယ်ချခဲ့တာပါ။
အာဆင်နယ်အသင်းကတော့ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို လက်လျော့ပေးခြင်း မရှိသေးပဲ ဒုတိယအကြိမ် ထပ်မံ ကမ်လှမ်းခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပေါင် ၆၅သန်းနဲ့ အတူ အသင်းရဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ နယ်လ်ဆင်ကိုပါ အငှားစာချုပ်နဲ့ အလိုက်ပေး ကမ်းလှမ်းခဲ့ပေမဲ့ ပဲလေ့စ်က ထပ်မံ ပယ်ချခဲ့တယ်လို့ Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။
အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေးကို ကနဦး ပေါင် ၅၅ သန်း ပေးချေသွားမှာဖြစ်ပြီး နောက်ထပ် ၁၀ သန်းကိုတော့ နောက်ကျ ပေးချေသွားမယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ပဲလေ့စ်ကတော့ သူတို့ လိုချင်တဲ့ ပေါင် သန်း ၈၀ ကို တစ်ခါတည်း ပေးချေစေလိုတယ်လို့ ဆိုပါတယ်။
ပဲလေ့စ်အနေနဲ့ မနှစ်က ဟော်ဖန်ဟိမ်းအသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ နယ်လ်ဆင်ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေပေမဲ့ သူတို့လိုချင်တဲ့ ဈေးမရခဲ့ပါက ဇာဟာာကို ရောင်းမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောထားပါတယ်။
ဇာဟာကတော့ ဒီနှစ်မှာ ထိပ်သီး ၆ သင်းထဲမှ တစ်သင်းသင်းကို ပြောင်းရွှေ့ရန် ပဲလေ့စ်ကထွက်ဖို့ နီးစပ်နေပြီလို့ ပြောထားပေမယ့် အာဆင်နယ်တစ်သင်းတည်းကသာ ဆက်သွယ်လာခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ကတော့ လက်ရှိမှာ ရီးရဲမက်ဒရစ်အသင်းမှ ကွင်းလယ်လူ ဆယ်ဘယ်လော့စ်ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီလို့လည်း သိရပါတယ်။