ဇာဟာအတွက် ပေါင်သန်း ၄၀ ထပ်လိုပါတယ်။
Kyaw Ko Ko Sint

ဇာဟာရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးက ပေါင်သန်း ၈၀ လို့ ပဲလေ့စ်က သတ်မှတ်ထားပေမယ့် အာဆင်နယ်အသင်းက ပေါင်သန်း ၄၀ သာ အပြောင်းအရွှေ့ ဘတ်ဂျက်ရှိတာကြောင့် နောက်ထပ် သန်း ၄၀ ထပ်ရဖို့ အသင်းပိုင်ရှင် ခရွန်ကီထံ တောင်းဆိုမှာပါ။

အာဆင်နယ်ရဲ့ အပြောင်းအရွှေ့တာဝန်ခံတွေ အနေနဲ့ အသင်းပိုင်ရှင် ခရွန်ကီကို အသင်းရဲ့ အပြောင်းအရွှေ့စရိတ် အနည်းငယ်ပိုပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ Daily Mail ကဖော်ပြပါတယ်။



အာဆင်နယ်အသင်းအနေနဲ့ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို ခေါ်ယူလိုနေပေမယ့် ပဲလေ့စ်အသင်းက ဇာဟာအတွက်ပေါင် သန်း ၈၀ သတ်မှတ်ထားတာပါ။ အာာဆင်နယ်က ကနဦး ပြောင်းရွှေ့ကြေးပေါင် သန်း ၄၀ ပေးထားတဲ့အပေါ်မှာ လူရယ်စရာ ဖြစ်နေခဲ့ပြီး ပဲလေ့စ်အသင်းကလည်း ကစားသမားအပေါ် ဈေးနှိမ်လွန်းတယ်ဆိုပြီး ဒေါသထွက်လျက်ရှိပါတယ်။

ထက်ဝက်နီးပါးမျှ ကွာဟနေတဲ့ အာဆင်နယ်အသင်းရဲ့ ပြောင်းရွှေ့ကြေးက ဇာဟာကိုရဖို့ မလွယ်ကူတဲ့ အနေအထားမှာ အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့ တာဝန်ရှိသူတွေက ပိုင်ရှင် ခရွန်ကီကို မူလပြောင်းရွှေ့ စရိတ်ထက် ပိုပေးဖို့ တောင်းဆိုကြတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ်လူဝယ်ရာသီမှာ ပြောင်းရွှေ့စရိတ် ပေါင် ၄၅ သန်းသာရရှိထားတာကြောင့် လိုချင်တဲ့ကစားသမားကို ခေါ်ယူနိုင်ခြင်းမရှိပဲ လက်ရှိမှာ ဘရာဇီး လူငယ်ကစားသမားလေး တစ်ဦးကိုတော့ ခေါ်ယူထားနိုင်ပါတယ်။

ပဲလေ့စ် တိုက်စစ်မှူး ဇာဟာက နည်းပြ အူနိုင်း အမ်မရီရဲ့ အဓိကခေါ်ယူလိုနေတဲ့ ကစားသမားဖြစ်သလို ဇာဟာကိုယ်တိုင်ကလည်း အာဆင်နယ်မှာ လာကစားချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ပေါင်သန်း ၄၀ သာ လိုတော့တာ ဖြစ်ပါတယ်။ လိုအပ်နေတဲ့ ပေါင်သန်း ၄၀ ကို အာဆင်နယ်အသင်းပိုင်ရှင် ခရွန်ကီအနေနဲ့ ထုတ်ပေးသွားဖို့ရှိ မရှိဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က