ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းထားပေမယ့် ယခုအခါ အသင်းမှာရှိနေတဲ့ အယ်လီနီ၊ ချမ်ဘာနဲ့ ဂျက်ကင်ဆန်တို့ ၃ ဦးကိုပါ အလိုက်ပေးတော့မှာလည်း ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းက အိုင်ဗရီကို့စ်တိုက်စစ်မှူးကို ခေါ်ယူလိုနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ခေါ်ယူနိုင်ဖို့အတွက် ငွေကြေး မလုံမလောက် ဖြစ်နေခဲ့ပါတယ်။ အသင်းက ပြောင်းရွှေ့စရိတ် ပေါင် ၄၅ သန်းသာ ပေးထားတဲ့အခြေအနေမှာ ဇာဟာရဲ့ ပြောင်းရွှေ့စရိတ်က ပေါင်သန်း ၈၀ အထိ ပဲလေ့စ်အသင်းက ဈေးခေါ်ထားတာပါ။
နည်းပြ အူနိုင်းအမ်မရီအနေနဲ့ အသင်းမှာ ပုံမှန် ကစားခွင့်ပျောက်ဆုံးနေတဲ့ ကစားသမား တွေ ဖြစ်တဲ့ အယ်လီနီ၊ချမ်ဘာနဲ့ ဂျက်ကင်ဆန်တို့ ၃ ဦးကိုပါက မူလပေးထားတဲ့ ပေါင် သန်း ၄၀ ထဲ ထည့်ပေးဖို့ ဆောင်ရွက်နေပြီလို့ The Sun သတင်းဌာနကဖော်ပြပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဇာဟာကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပေမယ့်လည်းပဲလေ့စ့်အသင်းက ကမ်းလှမ်းမှုကို ပယ်ချထားတာပါ။
အခုချိန်မှာတော့ ပေါင်သန်း ၄၀ အပြင် ကစားသမား ၃ ဦးပါ အလိုက်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုက ပဲလေ့စ်အသင်း လက်ခံနိုင်လောက်မယ့် အခြေအနေဖြစ်လာလိမ့်မယ်လို့လည်း Daily Mailက သုံးသပ်ထားပါတယ်။ ဇာဟာကတော့ လက်ရှိမှာ နိုင်ငံ့တာဝန်အရ အိုင်ဗရီကို့စ်အသင်းနဲ့ အာဖရိကနိုင်ငံများ ဖလားပွဲကို ဆင်နွှဲနေပြီး ကိုယ်တိုင်ကလည်း အာဆင်နယ်အသင်းကို ပြောင်းရွှေ့လိုနေသူလို့ သိရပါတယ်။